လိုအပ်လာရင် အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်မှုတွေလုပ်မယ့်မြနှင်းရည်လွင်

0
247


‘ဧဒင်ရဲ့ နတ်သမီး’ ရုပ်ရှင်ဇာတ် ကားထဲမှာ ရှေ့နေမလေး ဆောင်း နှင်းဆီအဖြစ် ပထမဆုံးအကြိမ် ပါ ဝင်သရုပ်ဆောင်ရာမှ သူ့ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ် တွေ စတင်သတိထားမိလာသူက တော့ မြနှင်းရည်လွင်ပဲဖြစ်ပါတယ်။ ‘နွေကန္တာဦး’၊ ‘ကြမ္မာနွံ’၊ ‘ဇနီးချောများ ကွန်ရက်’၊ ‘Toxic(အဆိပ်သွေး) ဇာတ်လမ်းတွဲများမှာလည်း သရုပ် ဆောင်လာခဲ့ပြီး ပရိသတ်တွေရဲ့ ချစ် ခင်အားပေးမှုကိုလည်းရရှိလာသူ တစ်ဦးဖြစ်ပါတယ်။ သရုပ်ဆောင် တာနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ကော ဘယ်လိုတွေပြင်ဆင်ဖြစ်လဲဆို တာကို မြနှင်းရည်လွင်က…

‘ဧဒင်ရဲ့နတ်သမီး’ ရုပ်ရှင်ဆိုရင် မြနှင်းရဲ့ အစပထမဦးဆုံး သရုပ် ဆောင်ရတာဖြစ်လို့ ကိုယ်တိုင်လည်း အားမရခဲ့ဘူး။ နောက်ပိုင်း ရိုက်ကူး ရေးတွေနဲ့ တအားဝေးသွားပြီး၊ ပြန်စ စချင်း ‘နွေကန္တာဦး’ ဇာတ်လမ်းတွဲမှာ ပြန်ပါဖြစ်တော့လည်း ဝေးပြီးမှ ပြန် စတော့ သရုပ်ဆောင်အပြောအဆို လိုအပ်ချက်တွေရှိတယ်။ ‘ဇနီးချော များကွန်ရက်’မှာတော့ သရုပ်ဆောင် ရတာ အရှေ့ကားတွေထက် ပိုပိုပြီး အဆင် ပြေလာတယ်။ ဒီဇာတ်ကားကို သရုပ် ဆောင်ရတာ အားရတယ်”လို့ ပြောပြခဲ့ပါတယ်။
အလှအပနဲ့ ပတ်သက်ပြီး ဘယ် လိုမျိုးတွေ ပြင်ဆင်ဖြစ်လဲဆိုတာကို…

”အရင်တုန်းကဆိုရင် ကင်မရာထဲ ရောက်သွားရင် မြနှင်းပုံစံက အကြီး ကြီးဖြစ်သွားတယ်။ အပြင်မှာဆိုရင် နည်းနည်းသေးတယ်။ အဲဒီတော့ အထဲမှာ တအားကြီးကြီးနေမှာစိုးလို့ အပြင်မှာ လျှော့ရင်း လျှော့ရင်းနဲ့ တအားသေးသွားတာ။ အလှအပက တော့ မခွဲစိတ်ဘဲနဲ့ ဆေးလေးထိုးတာ တို့၊ ပေါင်းတင်တာတို့ အဲဒီလိုမျိုး လေးတွေတော့ လုပ်တယ်။ အဲဒါကို တော့ ဝါသနာပါတယ်။ ခွဲစိတ်တာက တော့ မလိုသေးဘူးထင်လို့ မလုပ် သေးဘူး။ လိုအပ်လာရင်တော့ ခွဲ စိတ်မှုတွေ လုပ်ရမှာပေါ့နော်။ အဓိ ကကတော့ Natural လေးနဲ့ သဘာဝ အတိုင်း လှတာ အကောင်းဆုံးပါ”လို့ မြနှင်းရည်လွင်က ပြောပြခဲ့ပါတယ်။ အလှအပပိုင်းနဲ့ပတ်သက်ပြီး ခွဲစိတ် ပြုပြင်ချင်သူတွေအနေနဲ့လည်း ဆရာ ဝန်နဲ့တိုင်ပင်ပြီးမှ သေချာဆုံးဖြတ် လုပ်ဆောင်သင့်တယ်လို့လည်း မြ နှင်းရည်လွင်က အကြံပြုစကား ပြော ခဲ့ပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here