နေဝင်ပြီးနောက်လမထွက်သော ရက်များအကြောင်း

0
216

(၁)

”မြန်မာပြည်မှာ မြေလွတ်မြေ ရိုင်းတွေ အများကြီးရှိတယ်”ဟု မိတ် ဆွေလူကြီးက ပြောသောအခါ-
”ဟုတ်ကဲ့ နေစရာအိမ်မရှိတဲ့ လူတွေ နေရေးအဆင်မပြေလို့ တစ် ယောက်တစ်နေရာ ခွဲနေရတဲ့ မိသား စုလေးတွေလည်း အများကြီးရှိပါ တယ်”ဟု ကျွန်တော်ပြန်ပြောဖြစ်ခဲ့၏။

”မင်းက ရေးလိုက်ရင် ရန်ကုန် မှာ အိမ်ပိုင်မရှိတဲ့အကြောင်းချည်းပဲ” ဟု အပြစ်တင်သော သူငယ်ချင်းကို တော့ နာကျင်စွာပင် ပြုံးပြရင်း ဆဲ ပစ်လိုက်မိ၏။ သုံးထပ်တိုက် အသစ်၊ ကားအကောင်းစားနှင့် ငွေကျပ်တစ် သောင်းတန် အုပ်လိုက်ကိုင်၍ သုံးစွဲ နိုင်သောသူကတော့ အိမ်ပိုင်မရှိ၍ အိမ်ပိုင်လိုချင်သည်ဟု ပြောဆိုသူ များ ၏အသံကို နားငြီးပေလိမ့်မည်။ သူ့ဘက်က ကြည့်လျှင် သဘာဝကျပါ ၏။သူဌေးဆိုသောအမျိုးက နားအေး ပါးအေးနေချင်သော သက်ရှိဆောင်း ရာသီများသာဖြစ်၏။ ဆိတ်ငြိမ်ရပ် ကွက်များမှာ တန်ဖိုးကြီးမားသော နေရာကို ငွေပုံပေးပြီး ဝယ်ယူနိုင်၏။သစ်ပင်ဝါးပင်မရှိလျှင် ကြီးပြီးသား သစ်ပင်တွေကို အပင်လိုက်ဝယ်စိုက် နိုင်၏။ အဆောက်အအုံကို လှပခိုင် ခံ့အောင် ဆောက်လုပ်နိုင်၏။ အပြင် က အသံအထဲမဝင်အောင်၊ အထဲက အသံ အပြင်မထွက်အောင် ဖန်တီး နေထိုင်နိုင်၏။ သူတို့အဖို့ အိမ်ဆို သည်မှာ စကားထဲထည့်ပြောစရာ အကြောင်းအရာ မဟုတ် …။

ကျွန်တော်နှင့် ကျွန်တော်ကဲ့သို့ သော ဘဝတူများမှာသာ …။

(၂)

အိမ်ငှား
ငါတို့ ထွက်မသွားခင်
လက်ကျန် သီချင်းတွေကို
လှည်းကျင်းပေးခဲ့မယ်။
ငါတို့ရနံ့တွေ ယဉ်ကျေးပျူငှာကြောင်း
ငါတို့ခံစားချက်က
နိုင်ငံကြီးသား ပီသကြောင်း
နံရံတွေညစ်ပတ်အောင်
မရေးခဲ့ပါဘူး။
ငါ့သားလေး ကြီးပြင်းလာတဲ့အခါ
မင်းကို ဒီအိမ်မှာ မွေးခဲ့တာပေါ့လို့
သူ့ငိုသံ ရယ်သံ အဟောင်းလေးတွေ
ထုတ်ပြနိုင်ရုံလေး
တံခါးဖွင့်ပေးပါ။
အောင်မှူးဝေ
(၂ ရက် အောက်တိုဘာ ၂ဝ၁၅)

သည်ကဗျာကို ရေးစဉ်အခါက ကျွန်တော် မျက်ရည်ကျခဲ့ရ၏။ ကျွန် တော့်သားလေး ဆော့ကစားနေသည် ကို ငေးကြည့်ရင်း-

”တစ်နေ့ ငါ့သားလေးအတွက် သပ်ရပ်သန့်ရှင်းတဲ့ အိမ်ကလေးတစ် လုံး အဖေဝယ်ပေးပါ့မယ်”ဟု စိတ် ထဲက ပြောမိ၏။

ကျွန်တော်တို့ ငှားရမ်းနေထိုင် ရသော အိမ်ကလေးက အတော်စုတ် ချာ၏။ စုတ်ချာပုံကို စာဖွဲ့မပြလိုတော့ ပါ။ လစာရှစ်သောင်းပေးရသည်ကို လည်း ကျွန်တော်က များသည်ဟု မယူဆပါ။ တစ်လချင်းပေး ခွင့်ပြု သော အိမ်ရှင်၏ မေတ္တာကရုဏာ ကိုပင် ကျေးဇူးတင်မဆုံးဖြစ်ရပါသေး ၏။ အဓိကပြဿနာမှာ အိမ်သာက ကမ္ဘာကြီးနှင့်အပြိုင်စောင်းနေပြီး အိမ်အောက်မှာ ၁၂ ရာသီ ရေဝပ်နေ ခြင်းပင်ဖြစ်၏။ အိမ်အောက် ရေဆိုး များထဲသို့ ကလေးပြုတ်ကျမှာကို နေ့ စဉ်နှင့်အမျှ စိုးရိမ်ရ၏။ ထိုရပ်ကွက် မှာ မိဘတွေအိပ်ပျော်နေစဉ် ကြမ်း ပေါက်ကြားက ရေထဲပြုတ်ကျပြီး သေသောကလေးလေး ရှိခဲ့ဖူး၏။ ယခင်အိမ်ငှားအဆက်ဆက်တို့ အလွယ်တကူစွန့်ပစ်ခဲ့သည့်အမှိုက် များလည်း ရေထဲမှာ ပုပ်နေကြ၏။ ကျွန်တော်က စိတ်ပင်ပန်းသည်ကို အကြောင်းပြကာ အရက်သောက် ဆေးလိပ်သောက်၏။ ထိုအငွေ့အ သက်များနှင့်ရေဆိုးအမှိုက်ပုပ်နံ့များ ပူးပေါင်းဒုက္ခပေးသဖြင့် ကျွန်တော့် သားလေး အဆုတ်နာရောဂါ ဖြစ် တော့၏။ ကလေးကိုကြည့်ကာ ကျွန် တော်ကြေကွဲရ၏။ ကျန်းမာရေးနှင့် ညီညွတ်သော အိမ်ကလေးတစ်လုံး သော်မျှ မပိုင်ဆိုင်ဘဲ ရင်သွေးငယ်ကို ရောဂါခံစားခိုင်းသလို ဖြစ်နေရသော ဝေဒနာခါးခါးတွေက ကျွန်တော့်ဦး နှောက်နှင့် နှလုံးသားပေါ်တွင် ချော် ရည်ပူများပမာ ဖုံးလွှမ်းစီးဆင်းနေခဲ့ ၏။

ကျွန်တော် အရက်ဖြတ်နိုင်ခဲ့၏။(ဘာဆေးရုံမျှမတက်ခဲ့ပါ မသောက် ဘဲ နေလိုက်ခြင်းသာဖြစ်၏)

ရေဆိုးဝပ်သော အိမ်ကလေးကို စွန့်ခွာပြီး တိုက်ခန်းကလေး တစ်ခန်း ရှာရ၏။ သူငယ်ချင်းတွေက ဝိုင်းဝန်း ရှာဖွေပေးကြပါ၏။ ယုဇနဘက်သွား ရောက်စုံစမ်းကြတော့ ဈေးက မနိုင် ပြန်။ တိုက်ခန်းငှားရမ်းခတွေက မိုး ပေါ်ပျံနေပြီး ကျွန်တော့်ဝင်ငွေကမြေ လျှိုးနေ၏။ ကံအားလျော်စွာ ယုဇန နှင့် မနီးမဝေးရပ်ကွက်ကလေးထဲ၌ ၁ဝ ပေ ၁၅ ပေ တိုက်ခန်းကျဉ်းကလေး တစ်ခန်းကို တစ်လလျှင် ကျပ်ငါး သောင်းနှုန်းဖြင့် ငှားရမ်း၍ ရခဲ့၏။တိုက်ခန်းသီးသန့်တော့မဟုတ်။ စက် ရုံအလုပ်သမားများ ငှားရမ်းနေထိုင် ကြသော အိမ်ထောင်သည် လိုင်းခန်း တွဲများသာဖြစ်၏။ လိုင်းခန်းတွဲဆို သော်ငြားလည်း ခိုင်မာတောင့်တင်း ပါ၏။ ရေချိုးခန်း အိမ်သာကတော့ ဘုံသုံးရ၏။ သန့်ရှင်းပါ၏။ သို့သော် ကျွန်တော့်စာအုပ်တွေက အခန်းတစ် ဝက်လောက်နေရာ ယူလိုက်သော အခါ ကျွန်တော့်သားကလေးအတွက် နေရာကျဉ်းသွားရ၏။ ကလေးခမျာ လွတ်လပ်စွာမနေရ။ တိုက်ပိတ်ခံထား ရသလိုဖြစ်နေ၏။ ပြီးတော့ ကျွန် တော့်ဆေးလိပ်ငွေ့။ ဆေးလိပ်ကို ကျွန်တော်မဖြတ်နိုင် ဖြစ်နေ၏။ ကျွန် တော့်အလုပ်ကလည်း ဒါလေးဖွာပြီး တောင်တွေးမြောက်တွေး တွေးမှ အ လုပ်ဖြစ်၏။ နောက်ဆုံးအဘက်ဘက် က စဉ်းစားအဖြေရှာပြီးနောက် ကလေးအဆုတ် ကောင်းမွန်စေရေး၊ လွတ်လပ်စွာ ဆော့ကစားနိုင်ရေးအ တွက် အဆင်ပြေမည့် ယောက္ခမရွာ သို့ မိန်းမနှင့်ကလေးကို ပို့လိုက်ရ၏။ ရွာဆိုတော့ လေကောင်းလေသန့်ရ မည်။ အစားအသောက် လတ်ဆတ် သန့်ရှင်းမည်။ လျှပ်စစ်မီး အလျဉ်မမီ သောရွာကလေး၌ ရေခဲရိုက်အစာ တွေ ကျွေးလေမလားဟု တွေးပူရန် လည်း မလိုချေ။

(၃)

မိန်းမနှင့်သား ရွာပြန်သွားတော့ အခန်းကျဉ်းကလေးထဲမှာ ကျွန်တော် တစ်ယောက်တည်း ခြောက်သွေ့စွာ ကျန်ရစ်၏။ အပတ်စဉ်လစဉ်ရေး နေ ကျဆောင်းပါးများပင် မရေးချင် တော့။ ချစ်ရသူများနှင့် ခွဲခွာရသည့် ဒုက္ခကို နဖူးတွေ့ဒူးတွေ့သာမက ဦး နှောက်တွေ့ နှလုံးသားတွေ့ပါ တွေ့ တော့၏။ စာရေးချင်သလိုလို ဖြစ် လာလိုက်၊ ချရေးလိုက်။ နှစ်ပိုဒ်သုံး ပိုဒ်ခန့် ရေးပြီးလျှင် ဆက်မရေးချင် တော့သဖြင့် ရပ်ထားလိုက်ဖြစ်နေ၏။ဆောင်းပါးပေါင်းထောင်ချီ၍ရေးခဲ့ ဖူးသော ကျွန်တော့်လက်သည် ကျောက်တုံးကို တောင်ပေါ်တွန်းတင် နေရဘိသကဲ့သို့ အလေးကြီး လေး၍ နေတော့၏။ ဝေးကွာခြင်း တစ္ဆေ ခြောက်လှန့်ခြင်းခံရသော ညများက ကျွန်တော့်အဖို့ ချောက်ချောက်ချား ချားနိုင်လွန်းလှ၏။ တစ်ယောက်စာ ထမင်းဝိုင်းကလေးက ကန္တာရအလယ် ကောင်မှာ တစ်ယောက်ယောက် ကျ ကျန်ရစ်ခဲ့သော ထမင်းထုပ်ကလေး ပမာ ပူပြင်းခြောက်သွေ့နေလေ သ ယောင် ခံစားရ၏။ ဈေးတန်းကလေး ဘက်သို့လည်း ကျွန်တော်မသွားချင်။သားလေး အရုပ်ပူဆာတတ်သော ဆိုင်ရှေ့ရောက်လျှင် အတော်ကြေ ကွဲရ၏။ ဝေးကွာရသောနေ့ရက်များ ကို ကျွန်တော်မှတ်သားထား၏။ သံ သရာအဆိပ်ပင်မှာ သစ်သီးချိုချိုက လေးဆို၍နှစ်လုံးမျှသာသီးသည်၊ တစ်လုံးသော သစ်သီးကား စာပေ ကျမ်းဂန်ဖြစ်ပြီး ကျန်သစ်သီးတစ် လုံးမှာ မိတ်ကောင်းဆွေကောင်းသူ တော်ကောင်းနှင့်ပေါင်းဖော်ခြင်းဖြစ်သည်ဆိုသော ဟိတောပဒေသကျမ်း လာ နီတိကလေးကို နှလုံးသွင်း၏။နွားမ၏ နို့သည်ပင်လျှင် တစ်ကြိမ် တစ်ခါ ညှစ်ရုံမျှဖြင့် နို့ရည်အများကြီး မထွက်၊ အကြိမ်များစွာ ညှစ်ပါမှ နို့ ရည်များစွာထွက်၏။ ထို့အတူ ဖမ်း ဆုပ်၍မရ၊ လေအလျင် မြားအလျင် ကျည်ဆန်အလျင် အလင်း၏အလျင် ကဲ့သို့ ပြေးလွှားနေသော စိတ်ကို စာ အုပ်စာပေထဲဖမ်းထည့်ရတာ အတော် ခက်ခဲပါ၏။

တစ်ကြိမ် …

နှစ်ကြိမ် …

သုံး …လေးကြိမ်

အကြိမ်ပေါင်း မြောက်မြားစွာ …။

(၄)

Facebook ပေါ်က စိတ်ဒုက္ခ ပေးတတ်သူများကို Block လိုက်၏။မိတ်ဆွေသစ်များလည်း လက်မခံ တော့။ ကျွန်တော့်အပေါ်နားလည်၍ စိတ်ချင်းရင်းနှီးသူတချို့သာ ချန်ထား လိုက်၏။ အပြင်လောကမှာလည်း ထိုနည်းတူစွာပင် မိတ်ဆွေတချို့ကို လျစ်လျူရှုလိုက်၏။အုန်းစော၊အမြင် သစ်နှင့် တခြားသော စာအုပ်အ ဟောင်းဆိုင်များသို့ နှစ်ရက်ခြားတစ် ကြိမ်သွားဖြစ်၏။ စာအုပ်အဟောင်း တွေ မွှေနေချိန် စိတ်သည် တည်ငြိမ် လျက်။ မည်သူ့ကိုမျှ စကားမဆိုမိ၊ ရန်မလိုမိ။ တစ္ဆေဆန်သော အခန်း ကျဉ်းကလေးထဲ ပြန်ရောက်လာ သည့်အခါလည်း အထီးကျန်မှုကို အသိအမှတ်မပြုဖြစ်တော့။ နေ့စဉ်ယူ သောသတင်းစာများထဲက ဆောင်း ပါးတွေကို အသေးစိတ် ဖတ်နေပစ် လိုက်၏။

”မင်းနှင့် ပြည့်တန်ဆာအတူတူ ပဲ။ အခြေအနေကြည့်ပြီး ချိုလိုက်ခါး လိုက်လုပ်နေရတာ”ဟူသော နီတိ အဆိုကို သတင်းစာများထဲတွင် မြည် နေသည့်အသံတွေက တစ်ဆင့် ကျွန် တော်ကြားနေရ၏။ ဒဏ်ရာရပေါင်း များတော့ ဒဏ်ရာတွေကို စွဲလမ်း လာတယ်”ဟု ပြောဖူးသော ကဗျာ ဆရာတစ်ယောက်ကို သတိရမိ၏။ထိုကဗျာဆရာလည်း မရှိရှာတော့ပါ။

သူလည်း သေသာသေသွားသည် ရန် ကုန်မှာ အိမ်ပိုင်ကလေးရှိ မသွားရ ရှာ။ ကဗျာသမား အများစုက သည် လိုပင် ချို့ငဲ့စွာ ဘဝကိုနေဝင်ပစ်လိုက် ကြရ၏။ နေသာဝင်ရ၍ လမထွက် ခဲ့သောရက်စွဲများကို သင့်စိတ်ကြိုက် အမည်ပေးပါဆိုလာခဲ့လျှင်-‘ကဗျာဆရာ’ ဟု အမည်ပေးချင် မိပါ၏။

(၅)

စာထဲပေထဲ စိတ်နှစ်ထားချိန် များလာသည့်အခါ ကျွန်တော့်စိတ် နှင့် ကျွန်တော်အဆင်ပြေလာ၏။စိတ်သာ နေသာသောရက်များတွင် ရန်ကုန်မြို့ထဲသို့ ထွက်တတ်၏။မြို့ထဲရောက်သည့်အခါ ဘဝတူကဗျာ သမားစာသမားများနှင့် ဆုံဖြစ်ကြ၏။အဆင်ပြေမည့် ကော်ဖီဆိုင်တစ်ဆိုင် ဆိုင်မှာ ထိုင်၍စကားပြောကြ၏။
”ယခင်နဲ့ ယခု ဘာကွာသလဲဗျ”

ဟု တစ်ယောက်ကမေးသောအခါ –

”သိပ်မကွာလှပါဘူး။ ဟိုးတုန်း က ဟိုဘက်ရပ်ကွက်သားတွေ လာ ရိုက်တယ်။ အခုတော့ အချင်းချင်းပဲ ရိုက်နေကြတော့တာပေါ့”ဟု လူပြန် တော်ကဗျာ ဆရာတစ်ယောက်က ဖြေ၏။ တကယ်တော့ နိုင်ငံတစ်ခုစီ၌ စာပေသမားများ၏အခန်းကဏ္ဍသည် မသေးငယ်လှကြောင်း၊ စာသ မားများ၏ဘဝကို မြှင့်တင်ပေးသင့် ကြောင်း၊ စာသမားတို့၏ ဘဝလုံခြုံ ရေးသည် တိုင်းပြည်အသိÓဏ် မျက် လုံး၏ လုံခြုံရေးသာဖြစ်ကြောင်း ရှေး ဟောင်း သက္ကတကျမ်းတစ်ကျမ်းဖြစ် သည့် ဟိတောပဒေသကို ကိုးကား ကာ ကျွန်တော်စကားဆိုမိ၏။ သုဒ ဿနဘုရင်၏ ပညာရှိအမတ် ဗိသျှ ဏုပြောသော စကားကို အထူးပြော ဆိုမိ၏။

”ပညာရှိစာဆိုတော် ငှက် အပေါင်းလည်း စစ်အောင်ကြောင်းြေ<ွကးကြော်သံများဖြင့် ဆူညံစွာ အောင်ပွဲခံပြီးနောက် မိမိတို့စခန်းသို့ ပြန်လည်ြ<ွက ချီတော်မူကြလေသ တည်း” ဆိုသောအပိုဒ် ဖြစ်၏။

”ကျွန်တော်တို့ စခန်းက ဘယ် မှာတုံးဗျ”ဟု ကဗျာဆရာလေး တစ် ယောက်က ဖြတ်မေး၏။ တိုင်ပင် မထားဘဲ အားလုံးပင် မနီးမဝေးက ရဲစခန်းတစ်ခုကို လက်ညှိုးထိုးပြ မိ ကြ၏။ ပြီးတော့ ရယ်ကြမောကြ၏။

ခေတ်အဆက်ဆက် နေဝင်သွားပြီး နောက်လမထွက်နိုင်သော စာသမား ကဗျာသမားများ ရှိနေကြမည်သာ ဖြစ်၏။ အရေအတွက် ပို၍ မတိုးပါ စေနှင့်ဟုသာ ဆုတောင်းရပေမည်။

ကျွန်တော့်တစ်သက်တော့ဖြင့် ကောင်းကင်အသေကြီးကို မော့ကြည့် ပြီး ရွှေမိုးငွေမိုး ရွာပါဗျာဟု ငိုယို တောင်းဆိုလိုခြင်း မရှိတော့ပါ။ ။
ဆင်းရဲကင်းကြပါစေ။

အောင်မှူးဝေ


LEAVE A REPLY

Please enter your comment!
Please enter your name here