ပရိသတ်တွေနဲ့ တွေ့ဆုံမယ့်မင်းသမီး Park Min Young

0
145

မင်းသမီး Park Min Young ဟာ အနုပညာလောကထဲ စတင်ဝင် ရောက်လာကတည်းက ပရိသတ်နဲ့တွေ့ဆုံမှုကို မလုပ်ခဲ့ဖူးပါဘူး။ အောက်တို ဘာလ ၂၁ ရက်နေ့မှာ သူ့ရဲ့ပရိသတ်တွေနဲ့ တွေ့ဆုံတော့မှာပါ။ ခေါင်းစဉ်ကတော့ ‘Min Young Day’ လို့ပေးထားပြီး ၁၂ နှစ်ကြာမှ ပရိသတ်နဲ့ ပထမဆုံးတွေ့ဆုံတာဖြစ်ပါတယ်။

မင်းသမီးဟာ ‘What’s Wrong With Secretary Kim?’ ဇာတ်လမ်းတွဲနဲ့ ပရိသတ်အခိုင်အမာရရှိခဲ့ပြီး သူ့ရဲ့ သရုပ်ဆောင်မှု ၊ အဝတ်အစားနဲ့ မိတ် ကပ်လိမ်းခြယ်ပုံများဟာဆိုရင် မိန်းကလေးပရိသတ်ကြားမှာ ရေပန်းစား ခဲ့ပါတယ်။ သူ့ရဲ့ပရိသတ်တွေကလည်း သူ့ကို ရင်ခုန်စွာ စောင့်မျှော် နေကြပါတယ်။

ပရိသတ် တွေ့ဆုံပွဲအတွက် သူအစွမ်းကုန်ပြင် ဆင်နေတယ် ဆိုတဲ့ သတင်းများကြောင့် ပရိသတ်တွေ တအားကို ဝမ်းသာနေကြ ပါတယ်။

သူ ဘယ်လောက်ပင် အလုပ်ရှုပ်နေပါစေ ပရိသတ်တွေအတွက် အချိန်ပေး နေတာလေးက တအားချစ်ဖို့ ကောင်းပါ တယ်။ သူနဲ့ တွေ့ဆုံပွဲ လက်မှတ် တွေကိုတော့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ စတင်ရောင်းချပေး သွားမှာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here