အစ်​မဖြစ်​သူ ဝါဆိုမိုးဦးရဲ့ အချစ်​ရေးကိုအားကျနေတဲ့သဉ္ဇာ

0
137

ကြော်​ငြာတွေမှာ မကြာခဏ ဆိုသလိုတွေ့မြင်​နေရပြီး ချစ်​စဖွယ် မျက်​နှာကလေးနဲ့ ပရိသတ်​တွေကို ဆွဲဆောင်​ထားနိုင်​သူကတော့ သရုပ်ဆောင် ဝါဆိုမိုးဦးရဲ့ညီမလေး သဉ္ဇာပဲဖြစ်​ပါတယ်​။သူကတော့ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်​မှာ International Relations ( IR)နိုင်​ငံတကာဆက်​ဆံရေးဘာသာရပ်​ကို တက်​ရောက်​သင်​ကြားနေပြီးမေဂျာ Queenအဖြစ်​လည်း ရွေးချယ်​ခံထားရသူတစ်​ဦးပါ။ အခုလတ်​တလောမှာ ကျောင်း စာတစ်​ဖက်​အနုပညာအလုပ်​တွေတစ်​ဖက်​ လုပ်​ဖြစ်​နေရင်း​နဲ့ကျောင်းစာဘက်​မှာကိုယ်​လိုချင်​တဲ့ပန်းတိုင်​တစ်​ခုရောက်​တဲ့အခါ အနုပညာဘက်​ကိုပဲ ဦးစားပေးဖြစ်​သွားမှာလို့လည်း ပြောပြခဲ့ပါတယ်​။။ ပရိသတ်​က သတိ ထားမိတဲ့အနုပညာရှင်​တစ်​ယောက်​ဖြစ်​နေပြီဆိုတော့ အရင်ကနဲ့ ဘယ် လို ကွာခြားသွားလဲဆိုတာကို သဉ္ဇာက..

”အခုအချိန်​မှာတော့ အရင်ကလိုမျိုး မနေရတော့ဘူး။ အသွား အလာကအစသတိထားရတယ်​။ကိုယ်​တစ်​ခုခုမှားယွင်းခဲ့ပြီဆိုရင်​ဘေးနားကလူကကိုယ့်​ကို သိတဲ့အခါ ကျတော့ Celebrity တစ်​ယောက်​ကဒီ လိုမျိုးပါ လားဆိုပြီး သူတို့အတွေးထဲ မှာမကောင်းတာတစ်​ခုခုဝင်​သွား မှာစိုးတယ်​။ အဲဒီလိုမျိုးဖြစ်​မှာကို လည်း သဉ္ဇာတအားကြောက်​တယ်​။သဉ္ဇာအစစအရာရာအကုန်​လုံးဂရုစိုက်​နေထိုင်​တယ်” လို့လည်း ပြောပြပါ တယ်။ ရန်​ဖြစ်​လိုက်​၊ ပြန်​ချစ်​လိုက်​ဖြစ်​နေတဲ့အစ်​မဖြစ်​သူဝါဆိုမိုးဦးရဲ့ အချစ်​ရေးကိုအားကျမိ ပေမယ့်​​​အခုအချိန်​မှာတော့အနုပညာအလုပ်​နဲ့ကျောင်းစာကိုသာ အာရုံစိုက်​နေပြီးအချစ်​ရေးကိုတော့မစဉ်း စားချင်သေးဘူးလို့ လည်းပြောပါတယ်​​။အစ်​မဖြစ်​သူဝါဆိုမိုးဦးကိုအားကျမိတဲ့အကြောင်းတွေကိုလည်းသဉ္ဇာက…

” အစ်​မက တချို့အစ်​မတွေနဲ့ မတူဘူး။သူက လူကြီးဆန်​တယ်​။ ငယ်​ငယ်​လေးကတည်းက သဉ္ဇာ့ကို မမွေး ခင်​ကတည်းက သူ့ကို တစ်​ယောက်​တည်းထိန်းကျောင်းလာတာဆိုတော့ သူကလူကြီးဆန်နေတယ်​။ ငယ်​ငယ်​လေး ကတည်းကသူက လူကြီးလိုနေတာဆိုတော့ တအားကြီး လည်းကလေးမဆန်​ဘူး။ သူကရင်​ထဲမှာ ဝှက်​ထားတတ်​တယ်​။ ဖွင့်​ မပြောတတ်​ဘူး။သူချစ်​ကြောင်း လည်း​ မပြတတ်​ဘူး။အစ်​မက ကိုယ့် ကိုယ်​ကိုယ်​ Controlလုပ်​နိုင်​တယ်။ ကိုယ့်​ကိုယ်​ကိုယ်​Confidence ရှိ တယ်​။ သဉ္ဇာ့ရဲ့အားနည်းချက်​ကကိုယ့်​ကိုယ်​ကိုယ် Confidence သိပ်​ပြီးမရှိသလို ခံစားရတယ်​။အဲဒါ ကြောင့်​အစ်​မကိုသဘောကျတယ်​။အစ်​မကိုအကုန်​လုံးနီးပါးအားကျပါ တယ်” ​လို့လည်း ​ပြောပြခဲ့ပါ သေးတယ်​။

ခိုင်​ဝါဝင်း

ဓာတ်​ပုံ – ဇော်​ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here