ငယ်သူငယ်ချင်းတွေနဲ့အပျော်ခရီးထွက်ခဲ့တဲ့သက်မွန်မြင့်

0
301

သရုပ်ဆောင် သက်မွန် မြင့်ဟာလတ်တလောမှာ ဒါရိုက်တာ စတီးလ် (ဒွေး မေတ္တာ) ရိုက်ကူးမယ့် ‘အလျှံ ပယ်’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား မှာ ထွန်းထွန်း၊ အလင်းရောင်၊ ခင်လှိုင်၊ အေးမြတ်သူ၊ ရွှေ သမီး၊ မေမြင့်မိုရ် တို့နဲ့ အတူ ပါဝင်သရုပ်ဆောင်မှာဖြစ် ပြီး သန့်ရှင်းရေးအမျိုးသမီးလေး ကာ ရိုက်တာနဲ့ ပါဝင်ထား တယ်လို့ သိရပါတယ်။ သူကတော့ အနုပညာအလုပ် တွေ မအားလပ်တဲ့ကြားကပဲ အချိန် လုပြီး ငယ်သူငယ်ချင်း တွေနဲ့အတူ အပျော်ခရီးလေး သွားဖြစ်ခဲ့ပါသေး တယ်။ ငယ်သူငယ်ချင်းတွေနဲ့ စုပြီး ပထမဆုံးအကြိမ် ခရီးသွား ဖြစ်ပုံကိုသက်မွန်မြင့် က အခုလို ပြောပြပါ တယ်။

”သက်မွန်တို့ သူငယ် ချင်းတွေ အကုန်လုံးက ကိုယ့်အလုပ်တွေနဲ့ ကိုယ်ဆို တော့ မနည်းကို အချိန်လုပြီး ခရီးထွက်ခဲ့ရတယ်။ ဒီလို သူငယ်ချင်းတွေ ၉ ယောက် အထိ စုံပြီး ခရီးတစ်ခုကို ထွက်ဖို့ဆိုတာက မလွယ် ကူ ဘူး။ သက်မွန်ရန်ကုန်ကို စရောက်ကတည်းက သူတို့ တွေနဲ့ တွဲဖြစ် တာဆို တော့ ငယ်သူငယ် ချင်းတွေ လည်း ဖြစ်တယ်။ ခရီး ထွက်မယ် လို့စတိုင်ပင်ကတည်းက သူတို့ က ပြောကြတယ်။ ဘယ်သူမှ ပလပ်စ်ဝမ်းမပါရဘူးတဲ့။ သက်မွန် လည်းသူငယ်ချင်း တွေနဲ့စုပြီး ခရီးထွက်တာ ဒါက ပထမဆုံး အကြိမ် ဆို တော့ သွားချင် တာနဲ့ စုပြီးသွားဖြစ်တာပါ” လို့ ပြောပါ တယ်။

ပျော်ရွှင်ဖွယ် အိမ် ထောင်ရေး ကို ပိုင်ဆိုင် ထားပြီး သားသမီး နှစ် ယောက်ရဲ့ မိခင်လည်း ဖြစ်တဲ့သက်မွန်မြင့်က သူငယ်ချင်းတွေနဲ့ ခရီးသွား နေတဲ့အချိန်မှာလည်း မိသားစုကိုလွမ်းနေခဲ့ပါ တယ်။ အဲဒီအလွမ်းစိတ်ကို ဘယ်လိုဖြေဖျောက် ဖြစ်လဲ ဆိုတာကိုတော့ …

”သက်မွန်ခရီးသွား တော့ အငယ်လေးက နေ သိပ်မကောင်းဘူး။ အကုန် လုံးကလည်း မအား တဲ့ကြား ထဲက ခရီးစုသွားကြတာ ဆိုတော့ ခရီးကလည်း ဖျက်ဖို့က အဆင်မပြေဘူး။ ခရီးသာ သွားနေရတာ စိတ်က နှစ်ခွဖြစ်နေတယ်။ သူတို့လေးတွေ အဆင် ပြေကြရဲ့လား၊ နေကောင်း ကြရဲ့လား၊ ကိုယ်က မိခင် ဆိုတော့ ကိုယ့်သား သမီးကို စိတ်ပူတယ်။ သူတို့လေးတွေ ကိုမတွေ့ရတဲ့အချိန် အတောအတွင်းမှာလည်း တအားလွမ်းတယ်။ လွမ်း တဲ့အခါ ကလေးတွေနဲ့ ဖုန်း ပိုပြောဖြစ်တယ်။ ကလေး တွေနဲ့ Video Call ပြောလို့ သူတို့လေးတွေ ငိုနေရင် လည်းသူငယ်ချင်း တွေက ဝိုင်းချော့ ပေးကြ တယ်”လို့ သက်မွန်မြင့်က ပြောပြခဲ့ပါ တယ်။

ခိုင်ဝါဝင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here