ဟာသရုပ်ရှင်ဇာတ်ကား ရိုက်ကူးရမှာ စိတ်ပူနေတဲ့နေခြည်ဦး

0
249

Beauty Blogger တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ ရောက်လာ ခဲ့တဲ့သူကတော့ နေခြည်ဦးဖြစ်ပါတယ်။ သူဟာ Beauty Blogger တစ်ယောက်အပြင် သရုပ်ဆောင်တစ်ယောက် အနေနဲ့ပါ အနုပညာလောကထဲကို ရောက်ရှိပြီး ပရိသတ်တွေရဲ့အချစ်ကို ခံနေရတဲ့သူတစ်ယောက်လည်း ဖြစ်ပါ တယ်။ နေခြည်ဦးက လတ်တလောမှာတော့ အောက်တိုဘာလ ၁ဝ ရက်နေ့မှာ သွားရောက်ရိုက်ကူးမယ့် ‘အောက်ဖဲ မလှန်ကြေး’ဆိုတဲ့ ဇာတ်ကားအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ အပိုင်းနဲ့ပတ်သက်ပြီး နေခြည်ဦးက –

”နေခြည်တို့ အောက်တိုဘာလ ၁ဝ ရက်နေ့မှာ အောက်ဖဲမလှန်ကြေးဆိုတဲ့ ရုပ်ရှင်ဇာတ် ကားကို ငပလီမှာ သွားရောက်ရိုက်ကူးမှာ ဖြစ်ပါတယ်။ ကိုခန့်၊ ကိုကျော်ရဲအောင်၊ ကိုထွန်း ထွန်း၊ မခိုင်လေး၊ မခိုင်ကြီးနဲ့အတူ မင်းသမီးအသစ်အနေနဲ့ကတော့ နေခြည်ပါတယ် ပေါ့နော်။ ဇာတ်ကားက ငပလီမှာ ရိုက်ကူးရမှာဖြစ်တဲ့အတွက် ရေကူးဝတ်စုံဝတ်ရမယ်။ အဲဒီအတွက်လည်း ဝိတ်တွေချနေရတယ် (ရယ်လျက်)။ ရေကူးဝတ်စုံဝတ်ရမှာ ဖြစ်တဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူး။ အဓိကက မြန်မာ့ယဉ်ကျေးမှုနဲ့ တော် တော်မကိုက်ညီတဲ့အတွက် ရေကူးဝတ်စုံဆိုပေမယ့်လည်း ဘစ်ကီနီလိုမဟုတ်ဘဲ ရေကူး ဝတ်စုံလှလှကျပ်ကျပ်လေးတွေပဲ ဝတ်ဖို့ စဉ်းစားထားပါတယ်။ အဓိကက ဖော်ရိုက်တာမဟုတ်ဘဲ ရေကူးဝတ်စုံဝတ်ရမှာ ခန္ဓာကိုယ်အကျပ် ဝတ်ရမှာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ် ထိန်းသိမ်းမှုတော့ လုပ်နေပါတယ်။ ကြိုတင်ပြင်ဆင် မှုတွေအများကြီးပေါ့။ ပြီးတော့ ‘ခသုံးလုံး’ ရုပ်ရှင်ထုတ်လုပ်ရေးကလည်း ဒီဇာတ် ကားအတွက် သရုပ်ဆောင်အသစ်တွေ စထုတ်ကတည်းက နေခြည်သိခဲ့ရ တာပါ။ အဓိကက ဟာသဇာတ်ကားဖြစ်တဲ့အတွက် နေခြည်နည်းနည်း စိတ်ပူ တာက အပြင်မှာတော့ နေခြည်ပေါ တောတော နေတတ်တယ်။ ဒါပေမဲ့ တကယ်ရိုက်ကူးတော့ ကိုယ့်ရဲ့ပေါတောတောက သူများမရယ်ရမှာ နေခြည် စိုးရိမ်တယ်။ နေခြည်အခု နောက်ပိုင်းဆိုရင် ရုပ်ရှင်ဇာတ်ကားတွေ ပြန် ကြည့်တယ်။ Plot တွေ ပြန်ကြည့်တယ်။ ဘယ်လိုစကားအဖြတ် အတောက်လေးတွေ ပြန်လုပ်လဲဆိုတာကို လေ့လာဖြစ်နေတယ်” လို့ နေခြည်ဦးက ပြောပြခဲ့ပါတယ်။

သဲစုလှိုင်

၊ ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here