အနုပညာရှင်များစွာ တက်ရောက်ခဲ့သည့် POND’S ၏ ပစ္စည်းသစ် မိတ်ဆက်ပွဲ

0
182

POND’S ၏ တစ်နှစ်တာအ တွက် အကြီးကျယ်ဆုံး ပစ္စည်းသစ် မိတ်ဆက်ပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့က ဆူးလေရှန်ဂရီလာဟို တယ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါပွဲ တွင် POND’S ၏ နောက်ဆုံး အပေါ် ထုတ်ကုန်သစ်သုံးမျိုးဖြစ်သည့် POND’S White Beauty Clay? POND’S Pure White Mineral Clay ရွှံ့စေးမျက်နှာသစ် ဆပ်ပြာ၊ POND’S Instabright Tone Up Milk ခရင်မ်နှင့် POND’S Men Lightning Oil Clear မျက်နှာသစ် ဆပ်ပြာတို့ကို စတင်မိတ်ဆက်ခဲ့ သည်။

Clnileues EAC Myanmar ၏ Brand Manager တစ်ဦးဖြစ်သူ ဒေါ်နီလာဌေးက ”POND’S ထုတ် ကုန်သစ်သုံးမျိုးနဲ့ မိတ်ဆက်ရလို့ ဝမ်းသာမိပါတယ်။ အမျိုးသမီးတွေအ တွက် မျက်နှာပေါ်က အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေး နိုင်ဖို့ ထုတ်လုပ်ထားတဲ့အတွက် အမျိုးသမီးတွေအတွက် တအားကောင်းမွန်ပါတယ်။ POND’S ကို အမြဲဝယ်ယူအားပေးတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။

အဆိုပါမိတ်ဆက်ပွဲကို နိုင်းနိုင်း၊ အလင်းရောင်၊ ဖွေးဖွေး၊ နီနီခင်ဇော်၊ မေတိုးခိုင်နှင့် အခြားအနုပညာရှင်များစွာ တက်ရောက်ခဲ့ကြသည်။

သဲစုလှိုင် ၊

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here