သားဖြစ်သူနဲ့အတူ စင်ပေါ်မှာ ပြက်လုံးပြက်တဲ့အခါ မိဘဂိုဏ်း မသင့်စေဖို့ သတိထားရကြောင်း ဦးမိုးဒီပြော . . .

0
235

ပရိသတ်တွေသိပ်ချစ်ကြတဲ့ လူရွှင်တော်ကြီးတွေထဲမှာ လူရွှင်တော်ကြီး ဦးမိုးဒီလည်း တစ်ယောက်အပါအဝင်ပါ။ သူဟာအခုအချိန်အထိလည်း ဇာတ် ကားတွေမှာ ပါဝင်ရိုက်ကူးနေပြီး ပရိသတ်တွေကို ဟာသပြက်လုံးတွေနဲ့ ရယ်မောပျော်ရွှင်စေနေသူ တစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ဘဝအစကတော့ လူရွှင်တော်တစ်ဦးအနေနဲ့စတင်ခဲ့ပြီး သူငယ်ချင်းဖြစ်သူ မော့စ်နဲ့အတူတူ ဟာသညီနောင်အဖြစ်အတွဲညီခဲ့ပါတယ်။ ဒါ့အပြင် သားဖြစ်သူကောင်းစံ ကိုလည်း လူရွှင်တော် ပညာရပ်တွေနဲ့ ပတ်သက်လို့ သင်ကြားပေးခဲ့ပြီး တစ်စင် တည်းမှာပဲ သားအဖနှစ်ဦး ပြက်လုံးတွေပြက်ခဲ့ကြပါတယ်။ အဲဒီအခါမှာ ဆရာ ဂိုဏ်း၊ မိဘဂိုဏ်း တွေမသင့်အောင် ဘယ်လိုသတိထားပြီး ပြက်ကြရလဲလို့ ဦးမိုးဒီကိုမေးတဲ့ အခါမှာတော့ –

”အဲဒါကတော့ ကျွန်တော်လည်းဆုံးမထားပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း သင်ခဲ့ရတယ်လေ။ ဘုရားဂိုဏ်း၊ တရားဂိုဏ်း၊ သံဃာ့ဂိုဏ်း၊ မိဘဂိုဏ်း၊ ဆရာသမားဂိုဏ်း ၊ မင်းဂိုဏ်း အဲဒါလွတ်အောင်တော့ ပြက်လုံးကို ပြက်ရမယ်ဆိုတာ ကျွန်တော်တို့လည်း သင်ခဲ့ရတယ်။ သူတို့ကိုလည်းသင်ပေး တယ်။ အဲဒါတွေဟာ လောကီလောကုတ္တရာ နှစ်ခုလုံး အပြစ်မလွတ်ဘူး။ အဲဒါကိုတော့ တတ်နိုင်သမျှ ရှောင်ရတယ်” လို့ ရှင်းပြပါ တယ်။ သူ့အနေနဲ့လည်း သူလှုပ်ရှားနိုင် သမျှကာလပတ်လုံးမှာ ပရိသတ်တွေကို ကျေးဇူးဆပ်သွားမှာပါလို့ ပြောခဲ့ပါတယ်။ ဦးမိုးဒီက ဒါရိုက်တာမြို့တော် မောင် ယဉ်အောင် ရိုက်ကူးတဲ့ ”ကိုး ဆယ်ဆသာလိမ့်မယ်” ရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်ပို့ဆုရရှိခဲ့တဲ့ အကယ်ဒမီလူရွှင် တော်ကြီးတစ်ဦး လည်း ဖြစ်ပါ တယ်။

လင်းအက္ခရာ

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here