မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေ နောက်ထပ် လုပ်ကိုင်ဖို့ ဆန္ဒရှိတယ်အင်္ဂလန်​မင်းသမီးLibby Jennings

0
462


ဒါရိုက်​တာ မိုက်​တီးရိုက်​ကူးတဲ့ ‘ရိုက်​စား’ ရုပ်​ရှင်​ဇာတ်​ကားမှာ Professional ရေငုပ်​သမားတစ်​ယောက်​အဖြစ်​ပါဝင်​ သရုပ်​ဆောင်​ထားသူကတော့အင်္ဂလန်​မင်းသမီး လစ်​(ဘ)ဘီLibby Jennings ပဲဖြစ်​ပါတယ်​။ပြေတီဦး၊စိုးမြတ်​သူဇာ၊မိုးဒီ၊ ဗေလုဝ၊ ခင်​လှိုင်​၊ ဧရာတို့နဲ့အတူတူ ပါဝင်​သရုပ်​ဆောင်​ထားပြီး ရုပ်​ရှင်​ဇာတ်​ကားရိုက်​ကူးတုန်းက ရှုတင်​အဖွဲ့သားတွေအကုန်​လုံး စည်းစည်းလုံးလုံးနဲ့လုပ်​ကိုင်ရတာ တအားပျော်​ဖို့ကောင်းတယ်​လို့လည်း ပြောပြပါတယ်​။

ထိပ်တန်း မင်းသားတစ် ယောက်ဖြစ်တဲ့ကိုပြေတီဦးနဲ့ တွဲဖက်​သရုပ်​ဆောင်​ရ တဲ့အခါဘယ်​လိုခံစားမိလဲ ဆိုတာ လစ်​(ဘ)ဘီကိုမေးမြန်မးကြည့်တော့…

”ကိုပြေတီဦးနဲ့အတူတူတွဲဖက်​သရုပ်​ဆောင်​ရတာကျေနပ်​ဝမ်း သာမိပါတယ်​။ သူကအလွန်ပဲ နူးညံ့တယ်​။ ခင်​မင်ဖို့လည်းကောင်းတယ်​။ ပြီးတော့သူကပျော်​ပျော်​လည်းနေတတ်​တယ်​။ သူနဲ့အတူတူတွဲဖက်​သရုပ်​ဆောင်​ရတာပျော်​ဖို့ကောင်းပါတယ်” လို့လည်းပြောပြပါတယ်​။

လစ်(ဘ)ဘီ အနေနဲ့ မြန်​မာနိုင်​ငံမှာအနုပညာအလုပ်​တွေ နောက်​ထပ်​လုပ်​သွားဖို့ အစီအစဉ်​ရှိလားဆိုတာကိုလည်း…

” အခုထိ တော့ကမ်းလှမ်းထားတာဘာမှမ ရှိသေးဘူး။ မြန်​မာနိုင်​ငံမှာ အနုပညာ အလုပ်တွေနောက်ထပ်လုပ်ကိုင်ဖို့စိတ်​ဆန္ဒရှိတယ်​။အမြဲတမ်း လက်​ကမ်း ကြိုဆိုတယ်​။ အနာဂတ်​မှာဘာဖြစ်​မယ်​ဆိုတာဘယ်​သူမှမသိဘူး။ အနာဂတ်​မှာဘာဖြစ်​လာမယ်​ဆိုတာလည်း ကြိုပြောလို့မရဘူးလေ” လို့လစ်​(ဘ)ဘီကပြောပြခဲ့ပါတယ်။

ကိုယ့်​အလုပ်​ကို တန်​ဖိုး ထားမယ်​ဆိုရင်​ဘယ်​နိုင်​ငံမှာပဲ သရုပ်​ဆောင်​သည်ဖြစ်စေအကုန်​လုံးကအတူတူပါပဲလို့လည်း လစ်(ဘ)ဘီက ပြောပြခဲ့ပါသေးတယ်။

 

ခိုင်​ဝါဝင်း

ဓာတ်​ပုံ – ဇော်​ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here