အတိုအပြတ်တွေ မဝတ်ဆင်ချင်တော့ဘူးဘေဘီမောင်

0
143

မော်ဒယ်လ်တစ်ဦးအဖြစ် အနု ပညာလောကကို ရောက်ရှိလာတဲ့ ဘေဘီမောင်ကတော့ လက်ရှိမှာ သရုပ်ဆောင် တစ်ဦးအဖြစ် ရုပ်ရှင် ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီဖြစ်ပါတယ်။ သူကတော့ အနုပညာအလုပ်အပြင် တခြားစီးပွား ရေးတွေလည်းလုပ်ကိုင်နေသူပါ။ အနုပညာနယ်ပယ်မှာရောစီးပွားရေးပိုင်းမှာရော ဘေဘီမောင်ရဲ့ လှုပ်ရှားမှုတွေအကြောင်း မေးမြန်းကြည့်တော့ …

”ဇာတ်ကားရိုက်ကူးမှုတွေကတော့ ကိုယ်နဲ့လိုက်ဖတ်တယ်၊ ကိုယ်တိုင်လည်း သဘောကျတယ် ဆိုရင် ကိုယ်သရုပ်ဆောင်ရမယ့်အခန်းက နှစ်ခန်း သုံးခန်းဆိုလည်း ပါဝင်ရိုက်ကူးပေးလိုက်ပါ တယ်။ အများကြီးရွေးချယ်တာမျိုးတော့မရှိပါဘူး။ စီးပွားရေးကတော့ Beauty Saloon က ပုံမှန် အတိုင်းလေးပဲဖွင့်ထားတယ်။ ပြီးတော့ အစ်မမှာရှိတဲ့ မြေကွက်လေးကို အဆောင်ဆောက် ပြီးတော့ငှားထားပါတယ်။ အခုကဇာတ်ကားရိုက်တွေနည်းနည်းပါးတော့ စီးပွားရေးက မလုပ်လို့မရဘူးလေ။ ဗီဒီယိုတွေခေတ်မကောင်းတော့တဲ့အခါကျတော့ စီးပွားရေးဘက် ကို ပြန်လှည့်နေရပါတယ်။ ကိုယ်ပိုင်စီးပွားရေးတွေ အများကြီးတိုးချဲ့ဖို့ရှိပါတယ်။ အစ်မ အရင်ကလည်း ပြောခဲ့ဖူးတယ်။ အစ်မ ရေသန့်လုပ်ငန်း လုပ်ချင်တာလေ။ ဒါပေမဲ့ အခုအနုပညာအလုပ် တွေ အများကြီး လုပ်ဦးမယ်။ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ တဲ့အခါကျရင်တော့ စီပွားရေးတွေ အများကြီး တိုးချဲ့သွားမှာပါ။ ဗီဒီယိုဈေးကွက်ကောင်းတုန်းကတော့ အစ်မခေါင်းဆောင်ဇာတ်ကားတွေ ကိုယ်တိုင် ထုတ်ရိုက်ကူးခဲ့တယ်။ နောက်ပိုင်းခေတ်က မကောင်းတော့တဲ့အခါကျတော့ ရှုံးတယ်လေ။ ရှုံးတော့ မလုပ်တော့ဘူး။ ဖြစ်နိုင်ရင်တော့ ရုပ်ရှင်ဇာတ် ကားကြီး ရိုက်ကူးချင်ပါတယ်။ ပိုက်ဆံတွေအများကြီး စုရပါဦးမယ်။ နည်း နည်းတော့ ကြာဦး မှာပါ”လို့ ဘေဘီမောင်ကပြောပါတယ်။

ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လို ဖက်ရှင်မျိုးကို နှစ်သက်လဲဆိုတာကိုတော့ ဘေဘီမောင်က …

”ပွင့်ပွင့်လင်းလင်းပြောရရင် ဘေဘီအတိုအပြတ်တွေ မဝတ်ဆင်ချင်တော့ ဘူး။ သူ့နေရာနဲ့သူ ဖက်ရှင်ခေတ်ရေစီးကြောင်းအရတော့ ဝတ်ရတာပေါ့နော်။ ပြီးတော့ အစ်မကမဝသေးဘူး။ လှသေးတယ်လေ။ အဲဒီတော့ လှပါသေးတယ်ဆိုတာကို ပရိသတ်ကို ပြချင်သေးတာပေါ့။ ပြချင်တယ်ဆိုတာကလည်း တအားကြီး လည်း မဟုတ်ပါဘူး။ သူ့နေရာနဲ့သူ ဝတ်စားတာကို ပြောတာပါ။ မြန်မာ ဆန်ဆန် ဝတ်ရ တာကတော့ အစ်မအတွက် ယုံကြည်မှု ပိုရှိတာပေါ့။ အတိုအပြတ်တွေ ဝတ်ရင်တော့ ယုံကြည်မှုမရှိဘူးလေ။ မြန်မာဝတ်စုံက မြန်မာမိန်းကလေးတွေအတွက် ကျက်သရေ အရှိဆုံး နဲ့ အလှဆုံးပါပဲ” လို့လည်း ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here