ကိုရီးယား မင်းသား မာဝမ်ဝူးနဲ့ချစ်သူဖြစ်နေပြီဆိုတဲ့သတင်းနဲ့သရုပ်ဆောင် ထက်ထက်ထွန်း

0
121

အလှမယ်တစ်ဦးဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း အောင်မြင်မှုတစ်ခုရရှိလာသူကတော့ ထက်ထက်ထွန်းပါ။ သူ ကတော့ သရုပ်ဆောင်တစ်ဦးအဖြစ် ရုပ်ရှင်ဇာတ်ကားတွေလည်း ဆက်တိုက်ဆိုသလို ရိုက်ကူးနေပြီဖြစ်ပါတယ်။ လတ်တလောမှာ တော့ ‘မောင်မငိုရဘူးနော်’ ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်တေးကို ကိုရီးယားမင်းသား မာဝမ်ဝူးနဲ့အတူ MTV ရိုက်ကူးခဲ့ပါတယ်။ ကိုရီးယားမင်းသား မာဝမ်ဝူးနဲ့ ချစ်သူဖြစ်နေပြီဆိုတဲ့ ဂယက်နဲ့ သူ့ရဲ့ အချစ်ရေးကိုလည်း သရုပ်ဆောင်ထက်ထက်ထွန်းက အခုလိုပြောပြ ခဲ့ပါတယ်။

”သူနဲ့အတူ အလုပ်လုပ်ခွင့်ရလို့လည်း ဝမ်းသာပါတယ်။ နိုင်ငံ ခြားက သရုပ်ဆောင်နဲ့အတူ သရုပ်ဆောင်ခွင့်ရတယ်ဆိုတာက ကိုယ်တွေ မြန်မာနိုင်ငံမှာရှားသေးတယ်လေ။ ကိုယ့်ကို ရွေးချယ်ပေး တဲ့အတွက်လည်း ဝမ်းသာပါတယ်။ သူ့ဆီကလည်း အတွေ့အကြုံတွေ အများကြီးရတယ်။ နိုင်ငံခြားက အနုပညာရှင်တစ်ယောက်နဲ့ ခင်မင် ရင်းနှီးခွင့်ရတာကိုက အကျိုးရှိပါတယ်။ ချစ်သူတွေဖြစ်ပြီဆိုတဲ့ ဂယက်တွေထသွားတာပေါ့။ ဂယက်ကတော့ အမြဲထနေတာပဲ။ ခံစားမှုကတော့ သူငယ်ချင်းထက် ပိုပြီးခံစားမှု မရှိပါဘူး။ ဒါပေ မဲ့ ရိုက်ကူးနေတဲ့အချိန်မှာတော့ ကိုယ့်ရဲ့ ချစ်သူရည်းစားအဖြစ် Mood ကို အပြည့်ထည့်ပြီးတော့ ရိုက်ကူးခဲ့ပါတယ်။ လမ်းခွဲတဲ့အချိန် မှာလည်း လမ်းခွဲတဲ့ Mood ကို အပြည့်ထည့်ပြီး ရိုက်ခဲ့ပါတယ်။ ရိုက်ကူးနေတဲ့အချိန်မှာလည်း ထက်က Facebook မှာ Story လေးတွေနဲ့ မောင်ဆိုပြီးတင်တာကို ဒီ MTV ရိုက်နေတာမသိတဲ့ ပရိသတ်တွေအတွက်ကတော့ ချစ်သူလို့ ထင်စရာဖြစ်သွားတာပါ။ ထက်ရဲ့ တကယ့်အချစ်ရေးကတော့ ပုံမှန်ပါ ပဲ လူကြီးဆန်တဲ့အချစ် ပါ။ တည်ငြိမ်နေပါတယ်။ အေးအေးဆေးဆေးနဲ့ အဆင်ပြေနေပါ တယ်” လို့ ပြောပါတယ်။

အခုနောက်ပိုင်းမှာ အရင်နဲ့ မတူတော့ဘဲ Miss ပြိုင်ပွဲတွေ များလာသလို Miss တွေလည်း အများအပြား ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ နိုင်ငံကိုယ်စားပြု အလှမယ်တစ်ဦးလည်းဖြစ်တဲ့ ထက်ထက်ထွန်းကို Miss ပြိုင်ပွဲတွေ များလာတာက Miss လောက ရဲ့ တိုးတက်ပြောင်းလဲမှု တစ်ခုအဖြစ် မြင်မိလားလို့ မေးမြန်းခဲ့ရာ …

”အခုကတော့ အရည်အသွေးကို မထိန်းနိုင် ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်။ ပြိုင်သာပြိုင်ကြတယ်။ အောင်မြင်ချင်ကြ တယ်။ Popular ဖြစ်ချင်ကြတယ်ဆိုတဲ့ စိတ်နဲ့ ပြိုင်ကြတာများတယ်။ တကယ် ဝါသနာပါလို့ ပြိုင်ကြတာက ရှိတော့ ရှိတယ် နည်းတယ်။ အဲဒီအတွက် ထက်ကတော့ အရည်အသွေးကျလာ တယ်လို့ မြင်တယ်။ Organization တွေအနေနဲ့လည်း တချို့တွေ နိုင်ငံကိုယ်စားပြုအတွက် Miss တွေရွေးတဲ့အခါမှာ ကောင်းတဲ့ သူရွေးတာထက် ကိုယ့်ရဲ့ အကျိုးအမြတ်အတွက် ရွေးကြ တဲ့ Organization တွေလည်း ရှိတယ်။ နောက်တစ်ခုက ရွေးတဲ့ Organization တွေကိုယ်တိုင်က အလှအပလောက်ပဲလိုတယ်လို့ ထင်ကြပြီး ပတ်သက်တဲ့ အသိပညာတွေ အတွေ့ အကြုံတွေ နည်းတာတွေကိုလည်း တွေ့ ရတယ်။ အဲဒီလိုမျိုးတွေ များလာတဲ့ အပေါ်မှာ ထက်ကတော့ Miss လောကက တဖြည်းဖြည်း ပျက်စီး ဆုတ်ယုတ်လာတယ်လို့ ထင်တယ်” လို့ လည်း ထက်ထက်ထွန်းက ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here