New York Fashion Weekပွဲကအတွေ့အကြုံတွေကိုအွန်ဆိုင်းပြောပြ

0
266

မော်ဒယ်လ် အွန်ဆိုင်းကတော့ မကြာသေးမီက ကျင်းပခဲ့တဲ့ New York Fashion Week မှာ အမိုက် စားဖက်ရှင်ဒီဇိုင်းတွေနဲ့ သူ့ကို တွေ့ မြင်ခဲ့ရပါတယ်။ New York Fashion Week ကို ၃ ပတ်ကျော် ကြာသွားရောက်ခဲ့တဲ့ အမှတ်တရ တွေနဲ့ အတွေ့အကြုံတွေကို မေး ကြည့်တဲ့အခါ မှာတော့ အွန်ဆိုင်းက ….

”ဒီခရီးစဉ်က ကိုယ့်ရဲ့ အိပ်မက် တွေထဲက အိပ်မက်တစ်ခုဖြစ် လာတယ်လို့ တအားပဲဂုဏ်ယူတယ်။ ဝမ်းသာတယ်။ ပြီးတော့ ဒီဟာက ကျွန်မတစ်ယောက်တည်းအတွက် မဟုတ်ဘူး။ ကျွန်မတို့နိုင်ငံက မော် ဒယ်လ် Industry အတွက်လည်း အများကြီးမျှော်လင့်ချက်တွေ ရှင် သန်လာတယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုတကူးတကဖိတ် ကြားခြင်းခံရတယ်။ ဒါပေမဲ့ ဖိတ် ကြားတာကို ကိုယ်တစ်ယောက်တည်းလို့ မခံယူဘူး။ ဒါကျွန်မတို့ မော်ဒယ်လ် Industry တွေအတွက် လမ်း တွေပွင့်လာပြီ။ နောက်နှစ်တွေလည်း တခြားမော်ဒယ်လ်တွေ သွားလို့ရတာပဲ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ကျွန်မ တို့ အားလုံး အတွက်ကောင်းတယ်။ ခရီးစဉ်တစ်လျှောက် စိတ်လှုပ်ရှားမှု ကတော့ ဒီခရီးစဉ်သွားရမယ်လို့ ကြားကတည်းကကို စိတ်တွေက မရတော့ဘူး။ စိတ်လှုပ်ရှားမှုက အပြည့် ဖြစ်နေတယ်။ ဒါပေမဲ့ ပွဲတို တိုလေး အတွင်းမှာ အကောင်းဆုံးလုပ်နိုင်ဖို့ အတွက် ဒီကနေ အများ ကြီးပြင်ဆင်သွားတယ်။ ဟိုမှာလည်း အဲဒီအတိုင်း ကို ကိုယ်အကောင်းဆုံး လုပ်နိုင်ခဲ့တယ်လို့ ယုံကြည်တယ်။ အဲဒီ အတွက်လည်း ကျေနပ်ပါတယ်။ ဖက်ရှင်နဲ့ ပတ်သက်ပြီး ဟိုမှာတအားယုံကြည် မှုရှိတာတစ်ခုက ဖက်ရှင်က တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ ဝတ်ချင်တာ ဝတ်တာ။ ဒါပေမဲ့ မိုက်နေရောပဲ။ New York Fashion Week ဖြစ်တဲ့အတွက်ဝတ်လာ တဲ့ဟာတွေ အကုန်လုံးက တော်တော်လေးကို မိုက် တယ်။ ပြီးတော့ အဲဒီ နားလေးမှာ ဖက်ရှင်ပုံစံ အမျိုးမျိုးနဲ့ သွားနေတဲ့သူတွေကလည်း တော် တော်ကို မိုက်ကြတယ်။ ဘာပဲဖြစ်ဖြစ် အိုင်ဒီယာလေးတွေ အများကြီး ရတယ်။ အတွေ့အကြုံတွေအများကြီးရတယ်။ ဘယ်အရာမှ ယှဉ်စရာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်ဒီလို New York Fashion WeeK ကိုသွားတာ ကိုယ့်အတွက် ဗဟုသုတ အများကြီးရပါတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here