လူငယ်တွေအတွက် ကြည့်သင့် ကြည့်ထိုက်တဲ့ ဇာတ်ကားမျိုးဖြစ်အောင်မအိမ်ကံကို ရိုက်ကူးပုံဖော်သွားမယ့် ဒါရိုက်တာ ဦးငြိမ်းမင်း

0
271

ဇာတ်ညွှန်းနဲ့ဒါရိုက်တာ ဦးငြိမ်းမင်းက ဆရာမခင်ခင်ထူးရဲ့ မအိမ် ကံ ဝတ္တုကို ရိုက်ကူးဖို့အတွက် စီစဉ်လျက်ရှိပါတယ်။ အခုအချိန်မှာတော့ ရိုက်ကူးရေးအတွက် Pre Production ပိုင်းကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပြီး အဲဒါပြီးတာနဲ့ သရုပ်ဆောင်ရွေးချယ်မှုတွေကို စတင်မယ်လို့လည်း သိရပါတယ်။

”ပွင့်ပွင့်လင်းလင်းပြောရရင် မအိမ်ကံဆက်တင်ကိစ္စကို နည်းနည်း စောင့်ကြည့်နေတာပါ။ နိုင်ငံတော်ကမြေပေးမယ်။ အဲဒီမြေပေါ်မှာ သူကြီး အိမ်တွေဘာတွေဆောက်မယ်ဆိုရင်တော့ နည်းနည်းလေးအချိန် ပြန်စောင့်နေတာပါ။ အဲဒါကြောင့်မို့ ဆရာတို့ချိန်ဆနေတာပါ။ သရုပ် ဆောင်ရွေးချယ်ဖို့ကလည်း ဆက်တင်ပြီးမှပဲ ရွေးချယ်လို့ရမှာပါ။ စဉ်းစား ထားတာတော့အများကြီးပေါ့လေ။ A တို့ Bတို့ Cတို့ရှိတာပေါ့လေ”လို့ မ အိမ်ကံနဲ့ ပတ်သက်လို့ လက်ရှိလုပ်ဆောင်နေမှုအပိုင်းကို ဆရာဦးငြိမ်း မင်းကပြောပါတယ်။ ဆရာမခင်ခင်ထူးရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဝတ္တုတွေထဲက တစ်ပုဒ်ဖြစ်တဲ့ မအိမ်ကံကို ရိုက်ကူးတော့မယ်လို့ သတင်း ကြားကြားချင်းမှာပဲ ပရိသတ်တွေကြားထဲမှာ အသံတွေထွက်ပေါ်လာခဲ့ ပါတယ်။ ဝတ္တုကိုမီချင်းမမီချင်းတွေနဲ့အတူ ဝတ္တုအတိုင်းပဲထားစေချင်တဲ့ပရိသတ်တွေကလည်းရှိနေပြန်ပါတယ်။ အဲဒီအသံတွေအပေါ်မှာ ဆရာဦးငြိမ်းမင်းရဲ့ ခံစားချက်ကိုမေးတဲ့အခါမှာတော့ . . .

”စိတ်ဝင်စားတာကို ကျေးဇူးတင်ပါတယ်။ တို့နိုင်ငံမှာသိရမှာက နိုင်ငံတကာနဲ့ မတူတဲ့အချက်က ပညာအားနည်းကြတယ်။ စာတတ် ဦးတော့ စာမဖတ်နိုင်ဘူး။ စီးပွားရေးကြောင့်လေ။ အဲဒီလိုစာမဖတ်တဲ့ လူတွေအတွက်ကော ဒီလိုရည်ရွယ်ချက်ကောင်းတဲ့ ဒီလိုမြန်မာမှုတွေ ပါတဲ့ ဝတ္တုမျိုးတွေကိုပေးမသိစေချင်ဘူးလား။ စာဖတ်ထားတဲ့လူက ဒါကိုရိုက်လိုက်ရင်တော့ ပျက်မှာပဲကွာဆိုတာလေးတစ်ခုတည်းနဲ့ သူတို့ ပဲဖတ်ထားမယ်၊ စာမတတ်တဲ့လူတွေ ဘာမှမသိရဘူးကွာဆိုရင် မျှဝေရာ ဘယ်ရောက်တော့မလဲ။ ဆရာတို့အနေနဲ့ ၁ဝဝ ရာခိုင်နှုန်းပြည့် သရုပ် ဖော်နိုင်ချင်မှ ဖော်နိုင်မယ်လေ။ ၅ဝ ရာခိုင်းနှုန်းဖော်နိုင်လည်း သူတို့ဆီ ၅ဝ ရာခိုင်နှုန်းရောက်သွားမှာပေါ့။ ၂၅ရာခိုင်နှုန်းပဲဖော်နိုင်မယ်ဆိုရင် ၂၅ ရာခိုင်နှုန်းပဲ ရောက်သွားမှာပေါ့။ အဲဒါကိုဝိုင်းပြီးတော့ ဆရာတို့ကို ဝန်းရံပေးပါ။ ကူညီပေးပါလို့ ဆရာက ပြောချင်တယ်” လို့ ပြောပါတယ်။ မအိမ်ကံကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက်ကိုလည်း ဆရာ ဦးငြိမ်းမင်းက အခုလိုထပ်ပြောခဲ့တာက..

”ဖတ်တဲ့လူတွေထဲမှာ တစ်ဝက်ကမျှော်နေကြတယ်။ တစ်ဝက်က မရိုက်ကူးပါနဲ့လို့ ပြောနေတယ်။ အဲဒီလို ဂယက်တွေကတော့ အများကြီး ပေါ့။ ဒါပေမဲ့ ဆရာတို့ကတော့ ဆရာတို့တတ်တဲ့ပညာလေးနဲ့ လူငယ် တွေအတွက် မြန်မာနိုင်ငံအတွက် အားလုံးကြည့်သင့်ကြည့်ထိုက်တဲ့ ဇာတ် ကားလေးတစ်ကားဖြစ်အောင်တော့ ကြိုးစားနေပါတယ်”လို့ ပြော ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here