မောတယ်
စကားမပီတဲ့ ဝါကျတွေနဲ့
လက်ဆွဲနှုတ်ဆက်ခွင့် ကြုံတိုင်း။
မောတယ်
လူစဉ်မမီတဲ့ စိတ်ကူးတွေကို
ကြားနာခွင့် ရတိုင်း။
မောတယ်
မသတီစရာ အခွင့်အလမ်းတွေနဲ့
မိတ်ဖွဲ့ ခွင့် ကြုံတိုင်း။
မောတယ်
ထင်ရာစိုင်း ငွေကြေးတွေကို
ရေတွက်နေတာ မြင်တိုင်း
သူ့ အလိုကျ
ကိုယ့် ဆန္ဒမပါ
ကိုယ့်ဝမ်းနာက ရေချိန်မြင့်
နေရောင်ရင့်ရင့်အောက်
အမောဖောက်ရပြန်ပြီ။
မြတ်မိုးလတ်