မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)မှ ပြည်နယ်သဘင် အစည်းအရုံးများနှင့် မြို့နယ်သဘင် အစည်းအရုံးများကို ပြန်လည်ဖွဲ့စည်းမည်

0
299

မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) မှ ပြည်နယ်သဘင်အစည်းအရုံးများနှင့် မြို့နယ်သဘင်အစည်းအရုံးများကို ပြန်လည်ဖွဲ့စည်းမည့်အကြောင်း ထုတ်ပြန်ကြေညာ ထားသည်။ မြို့နယ် သဘင်အစည်းအရုံးများ၏ စွမ်းဆောင်ချက်များသည် အလွန်အရေး ကြီးသည့် ကဏ္ဍဖြစ်သည့်အတွက် လိုအပ်သော မြို့နယ်သဘင်အစည်းအရုံးများအား ပိုမိုကျစ်လျစ်ခိုင်မာသော အစည်းအရုံးများဖြစ်စေရန်အတွက် သက်ဆိုင်ရာမြို့နယ်အသီး သီးကို တွေ့ဆုံပွဲများ၊ ဖွဲ့စည်းရေးများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၃ဝ ရက်၊ နေ့လယ် ၁ နာရီတွင် မန္တလေးတိုင်း ဒေသကြီး၊ ကျောက် ပန်းတောင်းမြို့နယ်၊ အင်ကြင်းခန်းမ၊ သီရိမင်္ဂလာရပ်ကွက်တွင် လည်းကောင်း၊ အောက် တိုဘာ ၁ ရက်၊ နေ့လယ် ၁ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ မြို့နယ် ခန်းမတွင်လည်းကောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ် ဦးဆောင်ပြီး (ဗဟို) သဘင်အမှုဆောင်များ လိုက်ပါလျက် တွေ့ဆုံပွဲများ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၆ ရက်၊ နေ့လယ် ၁ နာရီတွင် မွန်ပြည်နယ်၊ သဘင်အစည်းအရုံးခန်းမတွင်လည်းကောင်း၊ စက်တင်ဘာ ၇ ရက်၊ နေ့လယ် ၁ နာရီ တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ သဘင်အစည်းအရုံးခန်းမတွင်လည်းကောင်း၊ စက်တင်ဘာ ၈ ရက်၊ နေ့လယ် ၁ နာရီတွင် ဇွဲကပင်ခန်းမ၊ ဘားအံမြို့တွင်လည်း ကောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)မှ နာယကကြီး ရွှေမန်းချမ်းသာ၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမိုးဝင်းနှင့် အတွင်းရေးမှူး ဦးနေဝင်းတို့ ဦးဆောင်ပြီး ပြန်လည် ဖွဲ့စည်းရေးများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် အောက်တိုဘာ ၆ ရက် နံနက် ၁ဝ နာရီတွင် ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၊ အစည်းအဝေးခန်းမ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင်လည်းကောင်း၊ အောက်တိုဘာ ၇ ရက် နံနက် ၁ဝ နာရီတွင် ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ အစည်းအဝေးခန်းမ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လည်းကောင်း၊ အောက်တိုဘာ ၇ ရက် နေ့လယ် ၃ နာရီတွင် ရှမ်း ပြည်နယ်၊ နောင်ချိုမြို့နယ် အစည်း အဝေးခန်းမ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင်လည်းကောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) ဒုတိယဥက္ကဋ္ဌ (၂) ဦးစိန်မြအောင်၊ တွဲဖက်အတွင်းရေးမှူး (၁)ဦးဝင်းနောင်၊ တွဲဖက် အတွင်းရေးမှူး(၂) မြန်မာပြည်ကျောက်စိမ်းတို့ ဦးဆောင်ပြီး ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here