အခွေထွက်ဖို့ အခွင့်အရေးနည်းလာတဲ့အကြောင်းနီနီခင်ဇော်ပြောပြ

0
83

သီချင်းဆိုရင် အသံချိုချိုလေးနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့သူကတော့ နီနီခင်ဇော်ပဲဖြစ်ပါတယ်။ နီနီက လတ်တလောမှာတော့ အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဂီတနဲ့ ပတ်သက်ပြီှးငညါူနှသညါ တွေလည်း သွင်းနေပါတယ်။

ဂီတသမားတစ်ယောက်အနေနဲ့ အခွေတစ်ခွေထွက်ဖို့ အခွင့်အရေးတွေ နည်းလာတဲ့အပေါ် ဘယ်လိုမြင်မိ လဲလို့ မေးကြည့်တဲ့အခါမှာတော့ နီနီခင်ဇော်က…

”နီနီတို့ အခုခေတ်မှာ အခွေထွက်ဖို့ တအားခက်ခဲတယ်။ အရင်ခိုးကူးခေတ်တုန်းကမှ နည်းနည်းလေး အခွေထွက်ဖို့ အဆင်ပြေတယ်။ အခုနောက်ပိုင်းမှာကျတော့ အွန် လိုင်းတွေ ပေါ်လာတဲ့အခါကျတော့ MTV ရိုက်တာတွေရော၊ သီချင်းတွေရော အွန်လိုင်းပေါ် တန်းတင်ရသလို ဖြစ်နေတယ်။ အနုပညာရှင်တွေကိုလည်း တကယ်မြတ်နိုးတဲ့ သူတွေဆိုရင်တော့ အော်ရီဂျင်နယ်ခွေကို ဝယ်စုတာ နိုင်ငံတကာမှာလည်း ရှိကြတယ်။ ဒါကြောင့်မို့လို့ နောက်ပိုင်းမှာပိုပြီး ရုန်းကန်လာရတယ်။ နီနီတို့ အဆိုတော်တွေ အားလုံးက အလုပ်တွေ ပိုကြိုးစားရတယ်။ ပြီးတော့ ဒီအနုပညာထုတ်ကုန်တွေရဖို့ ကြိုးစားရတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီကရတဲ့ ဝင်ငွေတွေက မရှိဘူး။ MTV က ရတဲ့ဝင်ငွေတို့ ဘာတို့ကတော့ မရှိ ဘူး။ ဒါကြောင့်မို့လို့ သိပ်အများကြီး ကြိုးစားရုန်းကန်ရတဲ့အချိန်တွေ ရှိပါတယ်” လို့ ပြောပါတယ်။

သဲစုလှိုင် ၊

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here