Examplez အဖွဲ့ အခွေထွက်ဖို့၊ ရှိုးပွဲလုပ်ဖို့ အခက်အခဲတချို့ ရှိနေသေးတယ်ထွန်းထွန်း

0
562

ထွန်းထွန်းက သူငယ်ချင်းဖြစ်သူ မိုးယံဇွန်နဲ့ Body Challenge ပြုလုပ် ပြီး တစ်လအတွင်း ဝိတ်ချခဲ့ပါတယ်။ အဲဒါကြောင့် ထွန်းထွန်းလည်း တော် တော်လေး ပိန်ကျသွားခဲ့ပါတယ်။ လေ့ကျင့်ခန်းက ပြင်းထန်တယ်လို့ ကြိုသိ ထားပေမယ့် သူငယ်ချင်းတွေနဲ့ စိန်ခေါ်ဖြစ်ပုံကိုတော့ ထွန်းထွန်းက …

”Training က တော်တော်ပြင်းတယ်။ ဆန်လုံးညိုလောက်ပဲ ထမင်းစားရ တယ်။ ဒါတောင်မှ နေ့တိုင်းမဟုတ်ဘူး။ အစားအသောက် အဓိက ဆင်ခြင် လိုက်တယ်။ Training ကို တော်တော်လေး ပြင်းပြင်းထန် ထန်လုပ်လိုက်တဲ့ အချိန်မှာ ပြောင်းလဲသွားတာ တွေ့ရပါတယ်။ လူလည်း တော်တော်ပိန်သွားတယ်။ အရပ် ၅ ပေ ၆၊ ၅ပေ ၇ တွေက ပေါင်ချိန် ၁၄ဝ နဲ့ ၁၅ဝ ကြား၊ ၁၄၅ ပဲ ရှိသင့်တာ။ ကျွန်တော်ဆို Over Weight ဖြစ်နေတယ်။ စကစားတုန်းက ပေါင်ချိန် ၁၅၈၊ ၁၅၉ ဖြစ်နေတယ်။ အခုဆို ၁၄၂ ပေါင်ပါ။ ဒါ တစ်လအတွင်း ပြောင်းလဲသွားတဲ့အရာပေါ့။ ကျန်တာကတော့ ကြွက်သားတည်ဆောက်ပုံတွေက ဖြည်းဖြည်းချင်းပဲ ကစားသွားရတယ်။ ကျွန်တော် ပိန်သွားတယ်။ ကျွန်တော့် ကြွက်သားကြီးတွေက တအား ကြီးမနေဘူး။ အစားအသောက် ဆင်ခြင် လိုက်တဲ့အတွက် အဆီပိုတွေ ရှိမနေဘူး” လို့ ပြောပါတယ်။

ထွန်းထွန်းက အခု ဆို အသက် ၃၄ နှစ်ကျော်လာပေမယ့် အရင်လို နုပျိုနေဆဲပါ။ အခုလိုနုပျိုတာ အားကစားပြုလုပ်ခြင်းနဲ့ဆိုင်မလားဆိုတာကိုတော့ …

”ဆိုင်ပါတယ်။ အဓိကက ကျွန်တော်အရက်၊ ဆေးလိပ်မသောက်ဘူး။ ကွမ်းမစားဘူး။ အဲဒါတွေက ကျွန်တော့်အတွက် တော်တော်အထောက် အကူပြု တယ်။ ကျွန်တော် လွန်ခဲ့တဲ့ ၁ဝ နှစ်၊ ၁၅ နှစ်ကတည်းက ဘောလုံးပဲ ကန်ခဲ့တယ်။ အခုဒီနှစ်ထဲမှာ ဘော လုံးလည်း ကန်တယ်။ Gym လည်း တွဲကစား တယ်။ အားကစားတော့ တော်တော်လုပ်ဖြစ်ပါ တယ်” လို့ ပြောပါတယ်။

ထွန်းထွန်းက သူ့ရဲ့ သူငယ်ချင်းတွေနဲ့ Examplezရှိုးပွဲကို ပြန် လုပ်ချင်ပေမယ့် အခုထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။ ဒီအဖွဲ့မှာ တော့ ထွန်းထွန်းတစ်ယောက်ပဲ အနုပညာအလုပ်တွေ ဆက်လက် လုပ်ကိုင်နေတာပါ။ ကျန်တဲ့ သူငယ်ချင်းတွေကတော့ အပြင် စီးပွားရေးလုပ်ငန်းတွေ လုပ် ကိုင်နေတာကြောင့် လုပ်ငန်း ချင်းမတူတဲ့အတွက် ပြန်လည် ပေါင်းစည်းပြီး အနုပညာ အလုပ်တွေ လုပ်ဖို့ အခက် အခဲ တချို့ ရှိနေသေးတယ်လို့ ထွန်းထွန်းက ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here