ဝေဖန်မှုတွေကို ခံနိုင်ရည်ရှိဖို့ လိုတယ်ဆိုတဲ့ စောလားထော်ဝါး

0
221

သီချင်းဆိုပြိုင်ပွဲတွေ ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်တိုင်း ဝေဖန် မှုတွေခံရစမြဲပါပဲ။ ပရိသတ်တွေ အ နေနဲ့ကလည်း အားပေးတာလည်း ကြမ်းကြသလို ဝေဖန်တာလည်းကြမ်း ကြတယ်လို့ဆိုရမှာပါ။ ဒီလိုဝေဖန်သံ တွေကို ပြိုင်ပွဲဝင်တွေအနေနဲ့ ကြံ့ကြံ့ ခံနိုင်မှသာလျှင် အောင်မြင်မှုဆီသွား နိုင်မှာလည်းဖြစ်ပါတယ်။ Myanmar Idol Season 1 ပြိုင်ပွဲဝင် စောလားထော်ဝါးဆိုရင်လည်း ဝေဖန်တိုက် ခိုက်မှုတွေ ခံခဲ့ရပါတယ်။ သူ့အနေ နဲ့လည်း ဒီလိုဝေဖန်တိုက်ခိုက်မှုတွေ ကို ရင်ဆိုင်ပြီး Winner ဆိုတဲ့ဆုကို ရရှိအောင်စွမ်ဆောင်နိုင်ခဲ့သူပါ။

”ဘယ်ပြိုင်ပွဲမဆို ဝေဖန်မှုက တော့ရှိမှာပါပဲ။ ကျွန်တော်လည်း ဝေ ဖန်ခံရတာပဲ။ ဒါပေမဲ့ ကျွန်တော်ကသူများတွေထက်စာရင်တော့ နည်း နည်း သက်သာမယ်ထင်တယ်။ ဘာ ပဲဖြစ်ဖြစ်လေ ပရိသတ်တွေ ဝေဖန် ကြတယ်ဆိုတာက မျက်လုံးတွေ အများကြီးနဲ့ ကြည့်ကြတာလေ။ အဲဒီ တော့ပြောကြမှာပဲဆိုကြမှာပဲ။ ဒါပေ မဲ့ကိုယ့်ဘက်က ခံနိုင်ရည်ရှိဖို့ တော့ လိုတယ်။ ပြီးတော့ သူတို့ပြောတဲ့ အရာတွေမှာလည်း ယူသင့်တဲ့ အရာ တွေယူပေါ့၊ မယူသင့်တဲ့အရာတွေဆို ရင်လည်း ထားခဲ့လိုက်ပေါ့။ ကျွန် တော့်တုန်းကလည်း ကိုယ့်ကိုပြောတဲ့ လူတွေရှိတယ်။ အားပေးတဲ့သူတွေ ရှိတယ်။ အရင်တုန်းကတော့ အဲဒါ တွေကို စိတ်ထဲထားတယ်။ နောက် ပိုင်းကျတော့ စိတ်ထဲမထားတော့ပါ ဘူး”လို့ ဝေဖန်မှုတွေနဲ့ပတ်သက်လို့ ခံနိုင်ရည်ရှိသွားပြီဖြစ်တဲ့အကြောင်း စောလားထော်ဝါးက ပြောပြပါတယ်။

သူကMyanmar Idol Season 2 Winner သားငယ်နဲ့ကတော့ တွေ့ ဖြစ်ပေမယ့် Season 3 Winner ဖြိုး မြတ်အောင်နဲ့ကတော့ မတွေ့ဖြစ် ဘူးလို့လည်း သိရပါတယ်။ သူတို့သုံး ယောက်ပေါင်းအခွေကတော့ Mya-nmar Idol က စီစဉ်မယ်ဆိုရင်တော့ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်လို့ ပြော ခဲ့ပါသေးတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here