5BB Broadband နဲ့ လာလာကြည့် တို့တွင် မြန်မာရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများ ကြည့် ရှုနိုင်ပြီ

0
214

5BB Broadband နဲ့ လာလာ ကြည့်တို့ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သစ္စာချည်တိုင် ဇာတ်လမ်းတွဲ မိတ် ဆက်ခြင်းအခမ်းးအနားကို စက် တင်ဘာလ ၂၅ရက်နေ့ မနက် ၈ နာရီက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး 5BB ရဲ့ CEO ဖြစ်သူ ကိုသိန်းသန်းတိုးက…

”ကျွန်တော်တို့ 5BB Broadband က အခု ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပြည်တွေမှာ အိမ်သုံး ရုံးသုံးတွေအတွက် Fiber Internet တွေပေးနေပါတယ်။ လာလာကြည့် ကတော့ တော်တော်များများသိကြတဲ့ အတိုင်း ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေ အင်တာနက်ကနေ ထုတ်လွှတ်ပြ သနေတဲ့ Video Platform တစ်ခုပေါ့။ ကျွန်တော်တို့ 5BB နဲ့ လာလာကြည့်ပူးပေါင်းပြီးတော့ 5BB Customer များကို လာလာကြည့်မှာ ရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယိုဇာတ်ကားတွေ ကို အခမဲ့ထုတ် လွှင့်ပြသသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အင်တာနက်သုံးသူ တွေဟာ 5BB Internet အ တပ်ဆင် လိုက်တာနဲ့အင်တာနက်အပြင် ရုပ်ရှင်၊ ဗီဒီယိုတွေကိုပါ ကြည့်ရှုလို့ ရသွားမှာ ဖြစ်ပါတယ်” လို့ပြော ပါတယ်။

7SENSE Film Production မှ ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးများ ဖြစ်ကြတဲ့ ကြောက်ကြောက်ကြောက်၊ပက်ပက်စက်စက်ညှို့နဲ့ Myanmar Media 7 ဇာတ်လမ်းတွဲများဖြစ်ကြတဲ့ သစ္စာ ချည်တိုင်၊ အကြင်နာမြစ်ဖျားတို့ကို လာလာကြည့်နှင့် 5BB တို့မှာ ကြည့် ရှုနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

P-060၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here