အစ်ကိုဖြိုးငွေစိုးကြောင့် အနုပညာလောကမှာ အခွင့်အလမ်းတွေ ရနေတာပါသီရိစိုး

0
464

ဖြိုးငွေစိုးရဲ့ ညီမဖြစ်သူ သီရိစိုးက Photo Model အဖြစ်ကနေ အနုပညာလောကထဲ ဝင်ရောက်ခဲ့သူဖြစ်ပြီး အခုဆိုရင် ဟိန်းဝေယံ၊ ညိမ်းသော်တို့ နဲ့လည်း ဇာတ်လမ်းတွဲ ရိုက်ကူးသွားဦးမှာဖြစ်ပါတယ်။ အနုပညာအလုပ်တွေ စလုပ်တဲ့အချိန်မှာတော့ အစ်ကိုဖြစ်သူက သဘောမကျခဲ့တာကြောင့် ခိုးလုပ်ခဲ့ရတယ်လို့ဆိုတဲ့ သီရိစိုးက –

”အမှန်အတိုင်းပြောရင် သူက အနုပညာအလုပ် မလုပ်စေချင်ဘူး။ ပထမဦးဆုံး MTV ရိုက်ကူးမယ်ဆိုပြီး ညီမကို လာခေါ်တယ်။ ကိုကြီးကိုပြောပြတဲ့အချိန်မှာ ဇာတ်ညွှန်းစာရွက်တွေကို ဆွဲဖြဲ၊ နံရံကိုလက်သီးနဲ့ထိုး၊ အကြီးအကျယ်တွေ သောင်းကျန်း။ အဖေတို့ကိုပါ မလုပ်ခိုင်းနဲ့ မလုပ်ရဘူးတဲ့။ ဘယ်သူကခေါ်တာလဲ ခေါ်တဲ့လူပါထိုးမယ် ကြိတ်မယ်တွေလုပ် တာ။ အဲဒါနဲ့ မလုပ်ရဲလို့ မလုပ်တော့ဘူး။ ၂ဝ၁၄ ခုနှစ်လောက်ကျတော့ မဂ္ဂဇင်းတွေက ဓာတ်ပုံတွေ ခေါ်ရိုက်တယ်။ ရှိုးလောက်တယ်။ အဓိကတော့ ကြော်ငြာတွေရိုက်တာများတယ်။ အစကတော့ ခိုးလုပ်တယ်။ နောက်တော့သွားတယ်။ ပြောတယ် မရဘူးဆိုတော့ နောက်ပိုင်းလိုက်ပို့ပေးတယ်။ လိုက် ကြိုပေးတယ်။ ဘယ်ဟာကကောင်းတယ်။ မကောင်းဘူးဆိုတာ ပြောပြတယ်။ သင်ပေး ပါတယ်” လို့ပြောပါတယ်။

သီရိစိုးဟာ အစ်ကိုဖြစ်သူ ဖြိုးငွေစိုးနဲ့ အသက်၈နှစ်ကွာပြီး ဘယ်အရာပဲလုပ်လုပ် အစ်ကိုဖြစ်သူကို ဖွင့်ဟတိုင်ပင်တတ်သူပါ။ အနုပညာလောကထဲ ဝင်တဲ့အခါမှာ ဖြိုးငွေစိုးရဲ့ ညီမဖြစ်တဲ့ အတွက် ချစ်ကြခင်ကြသလို အခွင့် အလမ်းတွေလည်း ပိုရခဲ့တယ်လို့ ဆိုပါတယ်။

”ကိုဖြိုးငွေစိုးရဲ့ ညီမ ဖြစ်တဲ့အတွက် ဒီလောက မှာ ယုတ်မာတာလည်း မခံ ခဲ့ရဖူးဘူး။ ကွက်ကျော်ရိုက် တာတို့၊ ကိုယ့်ကို မကောင်း ပြောတာတို့ တစ်ခါမှမခံခဲ့ရ ဖူးဘူး။ ဒါရိုက်တာတို့ မီးထိုး မှန်ထိုးစက်အဖွဲ့ကအစ ကိုဖြိုးရဲ့ ညီမဆိုပြီး ချစ်ကြတယ် ခင်ကြ တယ်။ လူတွေတအားများတဲ့ အသစ်တွေ ထဲကမှ ဒီလိုအခွင့်အရေး တွေရတယ်ဆိုတာ သူ့နာမည်နဲ့မကင်းပါဘူး။ ကိုယ့်ထက်အများကြီး အရည်အချင်း ရှိတဲ့သူတွေလည်းရှိမယ်။ လှတဲ့သူတွေလည်းရှိမယ်။ ဒီကြားထဲ မှာ တစ်ထောင့်တစ်နေရာကနေ အခွင့်အရေးလေးရတယ်ဆိုတာက ညီမအစ်ကိုရဲ့ပံ့ပိုးမှုက ၁ဝဝ% ပါပဲ။ သူက လက်ဆွဲပြီး ဒါ ကျွန်တော့်ညီမ ရိုက်ကူးပေးပါဆိုပြီး တစ်သက် လုံးမပြောဘူး။ သူခံယူထားတာက သူကိုယ် တိုင်လည်း ဒီအလုပ်ကိုလုပ်ချင်လို့ သုညကနေစလုပ်တယ်။ ညီမလည်း သုည ကနေစလုပ်ပဲ။ ဒါပေမဲ့ ညီမက သူ့နာမည်အောက်ကသွားတဲ့အတွက် အခွင့် အလမ်းတွေလည်း ပိုရပါတယ်” လို့ သီရိစိုးကပြောပြပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here