ကိုယ့်ကိုယ်ကိုယ် ချစ်လို့အပျိုကြီး ဖြစ်နေတာသရုပ်ဆောင်ခင်လေးနွယ်

0
281

အနုပညာအလုပ်တွေ မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေရဲ့ စိတ်ဝင်တစား ချစ်ခင်မှုကို ရရှိပိုင်ဆိုင်ထားဆဲဖြစ်တဲ့ သရုပ်ဆောင် ခင်လေးနွယ်ကတော့ မကြာသေးမီက သက်မွန်မြင့်၊ မေကဗျာ၊ ဒီဇိုင်နာ မပုံ့စတဲ့ သူငယ်ချင်းတွေနဲ့အတူ ထိုင်းနိုင်ငံက ကမ်းခြေတစ်ခုကို ခရီး ထွက်ခဲ့ကြပါတယ်။ အဆိုပါခရီးစဉ်ရဲ့ ပျော်စရာအကြောင်းအရာတွေကို လည်း သရုပ်ဆောင် ခင်လေးနွယ်က အခုလို ပြောပြခဲ့ပါတယ်။

”ခရီးထွက်ဖြစ်တာကတော့ အစ်မတို့မှာ  ဆိုပြီး တော့ အဖွဲ့ရှိတာပေါ့။ ပြောမနာဆိုမနာ တအားချစ်ကြတဲ့ သူငယ်ချင်း အဖွဲ့ ပေါ့။ ခရီးထွက်ချင်နေတာကတော့ ကြာပြီ။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် ချိန်းရင်းချိန်းရင်းနဲ့ မသွားဖြစ်ကြဘူး။ ဒီတစ်ခေါက်က တော့ အားလုံးရှိသမျှအလုပ်ကို ဖျက်ပြီးတော့ သွားကြတဲ့ခရီးပေါ့နော်။ တအားပျော်ခဲ့ကြပါတယ်။ အမှတ်တရတွေကတော့ အများကြီး ရှိခဲ့ပါ တယ်။ သွားခဲ့တုန်းကတော့ ပရိသတ်တွေအတွက် အပျော်လေးတစ်ခု လုပ်ထားတာရှိပါတယ်။ အမှတ်တရဖြစ်အောင် ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ဖို့ရှိပါတယ်။ အမှန်တော့ အစ်မက အေးတဲ့နေရာတွေသွားရတာ ကြိုက်တယ်။ ဒါပေမဲ့ သူငယ်ချင်းတွေနဲ့ဆိုရင်တော့ ဘယ်လိုနေရာမျိုး ဖြစ်ဖြစ် သွားရတာပျော်ပါတယ်” လို့ ခင်လေးနွယ်က ပြောပါတယ်။

သူကတော့ လက်ရှိမှာ စီးပွားရေးဘက်ကို အာရုံစိုက် လုပ်ကိုင် နေသူပါ။ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်သွားဖို့ စီစဉ်ထားလားလို့ မေးမြန်းကြည့်တဲ့အခါ…

”အစ်မက တခြားလုပ်ချင်တဲ့ စီးပွားရေးတွေကတော့ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အခုလုပ်နေတဲ့ အလုပ်တွေကို အားစိုက်ပြီး လုပ်ရဦး မယ်လို့ ထင်ပါတယ်။ အခု လုပ်ကိုင်နေတဲ့ Thank For You လုပ်ငန်းဆို လည်း သူငယ်ချင်းတွေ အများကြီး စုပေါင်းပြီး လုပ်ကိုင်ထားတာ။ ဒါပေမဲ့ အခု နှစ်ယောက်ပဲ လုပ်ရမယ့်အပိုင်းဖြစ်နေတယ်။ နှစ်ယောက် ဆိုတော့လည်း ပိုပြီးတော့ ညည်းလို့ ကောင်းတာပေါ့။ ပိုပြီးတော့ အားစိုက်ရမယ့် အပိုင်းတွေ ရှိနေပါတယ်။ အနုပညာနဲ့ဆက်စပ်တဲ့အလုပ် ဆိုရင်တော့ ပရိုဂျူဆာတို့ ဘာတို့လည်း အစ်မ မလုပ်ချင်ပါဘူး။ အခု လုပ်နေတဲ့ အလုပ်ကလည်း အနုပညာနဲ့ ဆက်စပ်မှုရှိပါတယ်”လို့ ပြောပြ ပါတယ်။ သူ့အနေနဲ့ အိမ်ထောင်ပြုဖို့၊ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်ဖို့စတဲ့ အစီအစဉ်တွေရှိမလားလို့လည်း ဆက်လက်မေးမြန်းဖြစ်ခဲ့ ပါတယ်။

”အပျိုကြီးပဲ လုပ်တော့မှာလေ။ ဘာလို့ အပျိုကြီးဖြစ်လဲဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်ချစ်လို့ အပျိုကြီး ဖြစ်နေတာလို့ ထင်ပါတယ်။ အနု ပညာအလုပ်တွေကိုတော့ အစ်မ ပြန်လုပ်ဖို့ မရှိတော့ပါဘူး။ ကိုယ့်ကို ချစ်ကြတဲ့ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင်တော့ ဖေ့စ်ဘွတ်ခ် ပေါ်မှာ ပုံလေးတွေ တင်ဖြစ်ပါတယ်။ အစ်မလုပ်နေတဲ့အရာလေးတွေကို ပရိသတ်ကို အသိပေးဖြစ်နေတော့ ပရိသတ်နဲ့တော့ အဆက်အသွယ် မပြတ်ပါဘူး” လို့ ခင်လေးနွယ်က ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here