ဝါကျွတ်မှာ မင်္ဂလာပွဲ ကျင်းပကြမယ့် ချစ်သူစုံတွဲတွေအတွက်ဂုဏ်ယူဝမ်းမြောက်ပါတယ်ပိုးကြာဖြူခင်

0
168

ဝါကျွတ်ပြီဆိုတာနဲ့ ချစ်သူစုံတွဲတွေအနေနဲ့ကတော့ ရင်ခုန်ကြည်နူး စရာကောင်းတဲ့ မင်္ဂလာပွဲကျင်းပဖို့ အတွက် ပြင်ဆင် နေကြတော့မှာပါပဲ။ဒါကြောင့် အနုပညာလောကမှာ လည်း ဘယ်သူတွေကတော့ ဒီနှစ်ဝါ ကျွတ်မှာ မင်္ဂလာပွဲကျင်းပကြလေမလဲ ဆိုပြီး ပရိသတ်တွေကလည်း ရင်ခုန်စောင့်မျှော်ကြလေ့ရှိပါတယ်။

ဆိုင်းမိုင်ရယ်လို့ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားတဲ့ သရုပ်ဆောင်ပိုးကြာဖြူခင်ကတော့ မင်္ဂလာပွဲကျင်းပဖို့ကတော့ လိုပါသေးတယ် လို့ ပြောလာပါတယ်။ သူဟာ အသိမိတ်ဆွေတွေရဲ့ မင်္ဂလာပွဲတွေမှာတော့ သတို့သမီးအရံအဖြစ်လုပ်ပေးခဲ့တာ အကြိမ်ကြိမ်ရှိပြီလို့လည်းသိရပါတယ်။

”သတို့သမီးအရံ ၃ ခါလုပ်ရင် အပျိုကြီးဖြစ်တယ်တဲ့။ ညီမကတော့ ဘယ်နှခါမှန်းတောင် မသိတော့ပါဘူး။ ၁ဝ ခါလောက်တောင်ရှိ လောက်ပြီ။ ကိုယ်ကိုယ်တိုင်ကတော့ စွံဖို့က တော်တော်လေး ကိုလိုပါသေးတယ်လို့။ သူများ မင်္ဂလာဆောင် တွေမှာ ပန်းကြဲတာပဲဖြစ်ဖြစ် ညီမအနေနဲ့ အမြဲတမ်းကူညီပေးချင်ပါတယ်။ မင်္ဂလာပွဲဆိုတာ ချစ်သူနှစ်ယောက် ဘဝခရီး ကိုလျှောက်ဖို့အတွက် တကယ့်ကို မင်္ဂလာယူရတဲ့အချိန်ပေါ့ နော်။ ဒီလိုမင်္ဂလာယူရတဲ့အချိန်မှာညီမအနေနဲ့ သတို့သမီးအရံပဲဖြစ်ဖြစ် ပန်းကြဲပဲဖြစ်ဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ အပေါ် ညီမအနေနဲ့ တကယ်ကို ဝမ်းမြောက်မိပါတယ်”လို့ ပိုးကြာဖြူခင် ကပြောပြပါတယ်။ မင်္ဂလာပွဲတစ်ပွဲမှာသူပါဝင်ကူညီခွင့်ရပြီဆိုရင် ရင်တွေ တအားခုန်လေ့ရှိပြီး သူသာ တကယ် မင်္ဂလာဆောင်ရရင် ဘယ်လိုရင်ခုန်ရ မလဲဆိုတာ ကြိုတွေးပြီးလည်း ရင်ခုန် လေ့ရှိပါတယ်လို့ သူက ပြောပြပါတယ်။

”ဒီဝါကျွတ်မှာ မင်္ဂလာပွဲကျင်းပ ကြမယ့် ချစ်သူစုံတွဲတွေအတွက် တအားကို ဂုဏ်ယူပါတယ်။ ဝမ်းလည်း ဝမ်းမြောက်ပါတယ်။ အားလုံးပဲနှစ် ပေါင်းများစွာ သေတစ်ပန်သက်ဆုံး တကယ်ကို ချစ်ကြခင်ကြပြီးတော့ တည်မြဲတဲ့အိမ်ထောင်ရေးတွေဖြစ်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါ တယ်” လို့ ဝါကျွတ်မှာ မင်္ဂလာဆောင် ကြမယ့် စုံတွဲတွေအတွက် ပိုးကြာဖြူ ခင်က မင်္ဂလာဆုတောင်း စကားပြော ခဲ့ပါတယ်။ ပိုးကြာဖြူခင်က အခုလတ် တလောမှာတော့ ဇာတ်လမ်းတွဲ အသစ်ရိုက်ကူးလျက်ရှိနေပါတယ်။

ဒါ့အပြင်သူဟာ သူချစ်တဲ့ပရိသတ်တွေ အတွက်ကိုလည်း အနုပညာနဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားရိုက်ကူးသွားမယ်လို့ ပြောခဲ့သလို ပရိသတ်တွေအနေနဲ့ လည်း သူ့ရဲ့ ကြိုးစားမှုတွေအပေါ် အားပေးကြဦးလို့လည်း စကားဆိုခဲ့ပါတယ်။ ပရိသတ်တွေက သူ့ကို ပိုးကြာဖြူခင် နာမည်ထက် ဆိုင်းမိုင်လို့ ခေါ်ပေးကြတဲ့အတွက်လည်း သူ့အနေနဲ့ သူ့ ကြိုးစားခဲ့တဲ့ ဇာတ်ရုပ်တစ်ခုအပေါ် အသိအမှတ်ပြုခံရတယ်ဆိုတဲ့ ပီတိမျိုးခံစားရပါတယ်လို့ ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here