မကြာသေးတဲ့ သီတင်းပတ်ကမှ Cardi-B နဲ့ လူကြားထဲ မှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့တဲ့ ရက်(ပ်)ပါနစ်ကီမင်နာ့ခ်ျရဲ့ သတင်း အသစ် တစ်ပုဒ်က လူကြားထဲကို ထပ်မံရိုက်ခတ်လာခဲ့ပြန်ပါပြီ။
ဒီရက်ပိုင်းတွေမှာ နစ်ကီတစ်ယောက် ဖော်မြူလာဝမ်းပြိုင်ကားချန်ပီယံ လူးဝစ်ဟာမီတန်နဲ့ ဒိတ်လုပ်ချိန်းတွေ့ခဲ့ကြတယ်ဆိုတဲ့သတင်းက လူတိုင်းပါးစပ်ဖျားမှာ ရောက်နေပါတယ်။ စတင် ထွက်ပေါ်လာတဲ့သတင်းတွေက နစ်ကီနဲ့လူးဝစ်နယူးယော့ခ်ဖက်ရှင်ပွဲကို အတူတက်ခဲ့ကြတယ် ဆိုတဲ့သတင်းကစခဲ့တာပါ။ ဆက်ပြီးလည်း ဒူဘိုင်းနိုင်ငံကို နှစ်ယောက်သားအလည်ထွက်ခဲ့ တယ်လို့ဆိုပါတယ်။ ကောလာဟလလို့ ပြောနေပေမယ့် ထွက်လာတဲ့သတင်း အရင်းအမြစ်တွေ ကတော့ ခိုင်မာနေတယ်လို့ ပြောပါတယ်။
လူးဝစ်ကလည်း ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ နာမည်ကြီးချန်ပီယံတစ် ယောက်ဖြစ်သလို Nicole Scherzinger, Rita Ora အစရှိတဲ့ အလှပဂေးတွေနဲ့ တွဲခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ လူးဝစ်တွဲခဲ့တဲ့ မိန်းကလေးတွေက အလှ အပတွေဖြစ်ခဲ့ပေမယ့် နစ်ကီရဲ့ကျော်ကြားမှုကိုတော့ မမီပါဘူးလို့ဆိုပါတယ်။ နစ် ကီကလည်း ဆတ်ဆတ်ကြဲလူးဝစ်ကလည်း ခပ်ရှုပ်ရှုပ်မို့ ပရိသတ် တွေက ဘာဆက်ဖြစ်မလဲနားစွင့်နေကြပါပြီ။
Ref: Hollywood Life