မြို့တော် မောင်ယဉ်အောင် ရေးသားတဲ့ ပြဇာတ်တစ်ပုဒ်အတွက် ရင်ခုန်နေသူမြို့ရွှေမန်းသားဖိုးချစ်

0
189

မြို့ရွှေမန်းသားဖိုးချစ်က လက် ရှိမှာ မြို့တော်မောင်ယဉ်အောင် ရေးသားလျက်ရှိတဲ့ ပြဇာတ်တစ်ပုဒ် ကို ကပြမှာပဲဖြစ်ပါတယ်။ အရင်ကလည်းမြို့တော်မောင်ယဉ်အောင်ရေး သားတဲ့ ငါသည်အောင်ဆန်းပြ ဇာတ် ကို ကပြတင်ဆက်ခဲ့ပြီးအောင်မြင်မှု တွေလည်း ရရှိခဲ့ပါတယ်။ အခုအခါ မှာလည်း အကျိုးပြုပြဇာတ်တစ်ပုဒ်ကို ရေးသားနေပြီး သိပ်မကြာခင်မှာပဲက ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။

”ကပြတင်ဆက်ဖို့အားလုံးတော့ ပြင်နေပါတယ်။ ကျွန်တော့်ဆရာက အဓိကပါပဲ။ ဆရာက ကပြတင်ဆက်ဖို့ တော့ဆိုရင် ကပြတင်ဆက်ကြရမှာ ပေါ့။ ဆရာက နေဦးဆိုရင် ကျွန် တော်ကနေရမှာပေါ့။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်ဆရာက ငွေရေး ကြေးရေး စီးပွားရေးနဲ့ အလုပ်လုပ် တဲ့သူ မဟုတ်ဘူး။ သူ့ရင်ထဲမှာထိရှမှ အလုပ်လုပ်တဲ့သူ ဖြစ်နေတာလေ။ ဆရာက အဲဒါမှခံစားတာကိုး။ သူ့ ရင်ထဲက အနုပညာလိပ်ပြာနိုးတဲ့ အချိန် စကပြတင်ဆက်မှာပါ။ ထူးခြားပါလိမ့်မယ်။ ဘာလဲဆိုတာတော့ နောက်မှ ပြောပါရစေ။ အားလုံးအတွက် အကျိုးဖြစ်ပါလိမ့်မယ်” လို့ ကပြတင်ဆက်မယ့်ပြဇာတ်နဲ့ ပတ်သက်ပြီး မြို့ရွှေမန်း သားဖိုးချစ်က ပြောပြပါတယ်။ မြို့တော်မောင်ယဉ်အောင်ရေးသားတဲ့ ပြဇာတ်တွေကို ကပြတင်ဆက်ခွင့်ရတဲ့အတွက် သူ့အနေနဲ့ ဂုဏ်ယူစိတ်ဖြစ်မိတာ အခါခါ ပါလို့ မြို့ရွှေမန်းသားဖိုးချစ်ကပြောပြပါတယ်။

”ဆရာ့ရဲ့ပညာအမွေကို အနားမှာနေပြီးတော့ သင်ယူခွင့်ရတဲ့ အပေါ်မှာ ကျွန်တော့် ရင်ထဲမှာ တန်ဖိုး မဖြတ်နိုင်တဲ့အရာမျိုးပါ။ ကျွန်တော် ဟာတကယ်တော့ ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူတယ်လို့ပြောလို့ရပါ တယ်။ ဆရာတွေက တအားတော်ပါတယ်။ ဆရာတွေကတော်ပြီး ကျွန်တော့် အပေါ်မှာ ကရုဏာသက်ပြီး ချစ်ခင်စောင့်ရှောက်လို့သာ ကျွန်တော်အခုအချိန် အထိရပ်တည်လို့ရတာပါ။ ဒီအတွက်လည်း ကျွန်တော်ဘယ်တော့မှ ကျေးဇူးမမေ့ ပါဘူး” လို့ မြို့တော်မောင်ယဉ်အောင်နဲ့ ပတ်သက်ပြီး မြို့ရွှေမန်းသား ဖိုးချစ်က ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here