မြန်မာနည်းပညာရှင်များ စုပေါင်း ပြုလုပ်သည့် Ok Par Social Media အသစ်စတင်မိတ်ဆက်

0
306

မြန်မာနိုင်ငံမှ လူငယ်နည်း ပညာရှင်များ စုပေါင်းပြုလုပ်သည့် Social Media အသစ် Ok Par Social Network Beta Version မိတ်ဆက်ပွဲအခမ်းအနားကို စက်တင် ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ Chatrium Hotel တွင် ကျင်းပပြု လုပ် ခဲ့သည်။

”အခု ကျွန်တော်တို့ရဲ့ စမ်းသပ် ကာလမှာ သုံးလို့ရမယ့် Website ရှိမယ်။ Social Media ကတော့ အားလုံးနဲ့စိမ်းတဲ့အရာတော့ မဟုတ် ပါဘူး။ လူတိုင်းလိုလို တစ်ခုစီ သုံးနေ ကြတာပါပဲ။ ကျွန်တော်တို့ Ok Par အနေနဲ့ကတော့ User တွေကို အဓိ ကထားပါတယ်။ User တွေ ဘယ် လောက်အဆင်ပြေပြေ သုံးနိုင်မလဲ ဆိုတာကို စဉ်းစားပါတယ်။ ရှေ့မှာ ထွက်ခဲ့တဲ့ Social Network တွေရဲ့ လိုအပ်ချက်က ဘာတွေရှိတယ်ဆို တာကို သေချာနားထောင်တယ်။ အဲဒါလေးတွေကို အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ သူငယ်ချင်း တွေဆိုရင် ဘာအကောင့်သုံးလဲ မေး နေစရာမလိုပါဘူး။ သူတို့နာမည် သိတာနဲ့ တန်းရှာလိုက်လို့ ရပါတယ်။ ကျွန်တော်တို့ User ဘက်ကို ကြည့် ပြီး အသေးစိတ် ဒီဇိုင်းဆွဲထားတာ တွေလည်း ရှိပါတယ်။ နောက်တစ် ခုက လူတိုင်း စိုးရိမ်ကြတဲ့ Fake အ ကောင့်ကို ဘယ်လို Control လုပ် မယ်ဆိုတာလည်း အသေးစိတ် လုပ် ဆောင်ထားပါတယ်။ အဲဒါတွေကို လည်း ကျွန်တော်တို့ဘက်က သေချာ လေးControl လုပ်ပေးသွားဖို့ ရှိပါ တယ်”ဟု Ok Par Social Media နှင့်ပတ်သက်သည့် နည်းပညာပိုင်း ဆိုင်ရာများကို OK Par Team မှ တာဝန်ရှိသူ ဦးငြိမ်းမင်းဦးက ပြော ကြားခဲ့သည်။

သတင်း၊

ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here