2018 Asia Artist Awardsကိုတက်ရောက်မယ့်Lee Byung Hun

0
232

မင်းသား Lee Byung Hun ဟာ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကို ကမ္ဘာကတောင် အသိအမှတ်ပြုခြင်းခံရသူပါ။

မကြာခင်က ပါဝင်ရိုက်ကူးထားတဲ့ Mr.Sunshine ဇာတ်လမ်း တွဲမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့ပါတယ်။

2018 Asia Artist Awards ကို တက်ရောက်ဖို့ အဆိုတော်အယောက် ၂ဝ နဲ့ သရုပ်ဆောင် ၂ဝ ပဲ ဖိတ်ခေါ် မယ်လို့ သိရပါတယ်။

ကမ္ဘာအနှံ့က ပရိသတ်အားပေးမှု အများဆုံး ရရှိ ထားတဲ့သူတွေကိုသာ ရွေးချယ်ဖိတ် ခေါ်သွားမယ်လို့ သိရပြီး မကြာခင် မင်းသား Lee Byung Hun ကို ဖိတ် ခေါ်ခဲ့ပါတယ်။

ပွဲကို နိုဝင်ဘာ ၂၈ ရက်နေ့ Namdong Gymnasium မှာ ကျင်းပသွားမယ် လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here