နေမဝင်မီ

0
229

သစ္စာတရားကို လိုက်ရှာရင်း
ကမ္ဘာကြီးက နေဝင်ရော့မယ်
ပဲ့ကျလာတဲ့ အပိုင်းအစလေးတစ်ခု
ကောက်ယူ မြည်းကြည့်
ငွေနဲ့ဝယ်ရင် အရာရာ ရသတဲ့
သြော် . . . ရွှေရည်စိမ်ဆိုတာ
ဒီစကားက ဆင်းသက်ခဲ့ပုံပဲ။

 

လေပြည်ရေ . . မိုးမချုပ်ပါစေနဲ့
နှုတ်ခမ်းဖျားလေးက လာတဲ့ချစ်ခြင်းထက်
နှလုံးသားပါတဲ့ စက်ရုပ်လေးအဖြစ်
ငါ့ကို . . . ချစ်ပေးပါ
ဖေးမ နွေးထွေးပေးပါ
နွေကြိုတေးတွေ မဆိုခင် အချိန်ထိ
နှင်းရေ . . .
သည်းခွင့်ရှိသမျှ
တဖွဲဖွဲ သည်းပြလိုက်စမ်းပါ။

ပန်းနုဝေ


LEAVE A REPLY

Please enter your comment!
Please enter your name here