ညီမင်းခိုင်၊ မင်းသွေးတို့နဲ့အတူ အတွဲခွေ ထွက်ဖို့ရှိတဲ့ သားငယ်

0
260

၃ယောက်စလုံးကတော့ တစ် ယောက်နဲ့ တစ်ယောက် ညီအစ်ကိုတွေလိုဖြစ်နေသလို ရခိုင်သားတွေ ဖြစ်နေတော့လည်း ပိုပြီး ချစ်ခင်ရင်းနှီးကြတာပေါ့။ သားငယ်ဆို ဖြိုးမြတ်အောင်တို့ရဲ့ ဖိုင်နယ်ညတုန်းက ညီမင်းခိုင်ရေးပေးထားတဲ့ သီချင်းအသစ် လေးကို ဆိုလိုက်သေးတယ်။ သူတအား သဘောကျနေပါတယ်တဲ့။

”ကိုညီမင်းခိုင်နဲ့က အမျိုးတွေပေါ့။ လူမျိုးချင်းလည်းတူတယ်လေ။ သူနဲ့က အများကြီးတွေ့နေရ၊ မြင်နေရ၊ စားနေ၊ သောက်နေကြပေါ့နော်။ ဒီသီချင်းလေးက သူနဲ့ ဂေါ်ရန်ဂျီကျွန်းမှာ လျှောက်လည်ကြတုန်း က သူကဂစ်တာလေးနဲ့ တီးပြရင်း ကျွန်တော် က တစ်ခါတည်း အဲဒီသီချင်းလေးဆိုမယ် ဆိုပြီးတော့ အတင်းဓားပြတိုက်လိုက်တာပေါ့။ အမှန်တကယ်ကတော့ အဲဒီသီချင်းလေးကို သူဆိုဖို့အတွက် သိမ်းထားတာပါ။ ကျွန်တော့် ကိုချစ်လို့ ပေးဆိုလိုက်တယ်။ အဲဒီသီချင်း လေးက သူရယ်၊ ကျွန်တော်ရယ်၊ ကိုမင်းသွေး ရယ် ၃ ယောက်အခွေလေးမှာ ပါလာဖို့ရှိပါ တယ်” လို့ သားငယ်က ပြောပါတယ်။

ညီမင်းခိုင်ရယ်၊ မင်းသွေးရယ်နဲ့ အတူတူ အတွဲခွေ စီစဉ်ဖြစ်သွားတဲ့အကြောင်းကို လည်း သားငယ်က – ”ကျွန်တော်တို့ ရခိုင် ၃ယောက်လည်း ဖြစ်တယ်။ နောက်ပြီးတော့ ကိုယ့်ညီအစ်ကို တွေလိုလည်း ဖြစ်နေတော့လေ။ ၃ ယောက် စီစဉ်ဖြစ်တာကတော့ အဓိကက သီချင်း လေးတွေ စုဖြစ်ကြတယ်ပေါ့။ ကိုညီမင်းခိုင်က လည်း ရေးတယ်။ ဆိုတယ်။ ကိုမင်းသွေးဆို ရင်လည်း ရှေ့မှာ အခွေထွက် ထားတယ် ဆိုတော့ ၃ယောက်လုပ်ကြမယ်ဆိုပြီးတော့ စီစဉ်ဖြစ်တာပါ။ ပြီးဖို့တော့ နီးနေပါပြီ။ ထွက်လာဖို့ ရှိပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here