ဝါကျွတ်ကာလအထူး ပရိုမိုးရှင်းတွေနဲ့ ရောသမစင်တာကို ဖွင့်လှစ်လိုက်တဲ့ သားစိုး

0
215

စီးပွားရေးတွေတောက်လျှောက် လုပ်ဖြစ်နေတဲ့ သားစိုးက အောက်တို ဘာ ၄ ရက်နေ့မှာတော့ ရောသမ စင်တာကို ရန်ကုန်မြို့၊ တောင်ဥက္က လာပမြို့နယ်၊ ၂၉၅/B (၄/၆)၊ ဗြဟ္မစိုရ်လမ်းမှာ ဖွင့်လှစ်လိုက်ပြီဖြစ် ပါတယ်။ ဒီရောသမစင်တာမှာတော့ ASIA GLOBAL TRAVEL& TOURS , ABS ကလေးပစ္စည်းအ ရောင်းဆိုင်၊ ရွှေပိုးနန်းတော်ပိုးထည် နဲ့ ချည်ထည်၊ ရောသမနှပ်လက်ဖက်နဲ့ အကြော်စုံ၊ တစ်နှစ်သုံးမီဒီယာစတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

”ကျွန်တော့်အနေနဲ့ ရွှေပိုးနန်း တော်ကလည်း ပြန်ဖွင့်ချင်တယ်။ ပြီး တော့ ကျွန်တော့်ရဲ့ တစ်နှစ်သုံး မီဒီ ယာနဲ့ အကျိုးဆောင်လုပ်ငန်းက လည်း တစ်စုတစ်စည်းတည်းဖွင့်ချင်တဲ့သဘောနဲ့ စင်တာကို ဖွင့်ဖြစ်တာ ပါ။ ဒီမှာဆိုရင် ဈေးသက်သက်နဲ့ ရ အောင်လုပ်ပေးထားပါတယ်။ ကော် ပြန့်ဆိုရင် တစ်လိပ်ကို ၂ဝဝ နဲ့ ရ တယ်။ခေါက်ဆွဲဆိုရင် တစ်ပွဲ ၂ဝဝ နဲ့ ရတယ်။ တုတ်ထိုးဆိုရင်လည်း ဈေးသက်သက်သာသာနဲ့ ရအောင် လုပ်ပေးထားတယ်။ ကိုယ်လည်း ကြိုက်တယ်၊ ကိုယ်လည်း စားလို့ရတာ လေးတွေကို တင်ထားပေးတာပါ။ အဓိကတော့ ဈေးသက်သက်သာသာ နဲ့ လုပ်ပေးချင်တဲ့သဘောနဲ့ လုပ်ပေး တာပါ”လို့ သားစိုးကပြောပြပါတယ်။ ဆိုင်ဖွင့်ပွဲအနေနဲ့ကော ဝါကျွတ် ကာလအနေနဲ့ကော ပရိုမိုးရှင်းအစီ အစဉ်ပြုလုပ်ထားပေးပြီး ရွှေပိုးနန်း တော်က ပိုးထည်၊ ချည်ထည်တွေကို တစ်ထည်ဝယ် တစ်ထည်လက်ဆောင် ပေးသွားမှာဖြစ်ကာ ၂၅ ရာခိုင်နှုန်း လျှော့ဈေးနဲ့ ရောင်းချပေးသွားမှာဖြစ် ကြောင်း သိရပါတယ်။

”လက်ဖက်ဆိုရင်လည်း တစ်ခု ဝယ်တစ်ခု လက်ဆောင်ပေး တာတွေ ရှိပါမယ်။ အသေးစိတ်ကိုတော့ ရော သမစင်တာ စေါန မှာ တင်ထားပေး ပါမယ်။ like & share လုပ်ရင် ပရိုမိုးရှင်းရမှာမျိုးတွေလည်း ရှိပါ တယ်။ စင်တာမှာဆိုရင် ပရိုမိုးရှင်း တွေ အများကြီးချထားပါတယ်။ ရွှေ ပိုးနန်းတော်ဆိုရင်လည်း တကယ်ကို တန်တဲ့ဈေးနှုန်းတွေပါ။ လာရောက် အားပေးကြဖို့လည်း ဖိတ်ခေါ်ပါ တယ်” လို့ ဆိုင်ဖွင့်ပွဲ အမှတ်တရပြု လုပ်မယ့် ပရိုမိုးရှင်းတွေနဲ့ပတ်သက် လို့ သားစိုးက ပြောပြပါတယ်။
လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here