လော့စ်အိန်ဂျယ်လိစ်မြို့ နဲ့ ဆန်ဖရန်စစ္စကိုမြို့ ၂ မြို့ ဖျော်ဖြေရေးတွေနဲ့ နီနီဝင်းရွှေရဲ့ လှုပ်ရှားမှု

0
241


နီနီဝင်းရွှေနဲ့အတူ မြန်မာနိုင်ငံကနေ သွားရောက်ကြတဲ့ မေခလာ၊ မီမီဝင်းဖေ၊ ရတနာဦး၊ ဟဲလေး၊ နန်း ခင်ခင်ဇံတို့ အနုပညာမောင်နှမတွေ လည်း ပါဝင်ကြပါတယ်။ အမေရိကမှာ နေထိုင်နေတဲ့ နီနီဝင်းရွှေကတော့ မိသားစုကိုလည်း အချိန်ပေးရင်း တစ်ဖက်ကလည်း သူမဝါသနာပါရာ ဂီတဖျော်ဖြေရေးအလုပ်တွေ ကြောင့် ပျော်ရွှင်ချမ်းမြေ့စရာဘဝ လေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။

”မမတို့ ၂ ပွဲဖျော်ဖြေရတာပေါ့ နော်။ ပထမပွဲက LA ပွဲ၊ ဒုတိယ ကတော့ San Francisco ပေါ့နော်။ San Francisco ကတော့ မီမီဝင်း ဖေ မပါဘူး။ ကိုယ့်မောင်နှမတွေနဲ့ တွေ့ရတော့လည်း နုပျိုတာပေါ့။ ငယ်ငယ်က ဘဝတွေကိုလည်း ပြန် သတိရတာပေါ့”လို့ နီနီဝင်းရွှေက ပြောပါတယ်။

မြန်မာနိုင်ငံကို တစ်နှစ်အတွင်း အနည်းဆုံး တစ်ခေါက်ရောက်အောင် ပြန်လာဖြစ်တဲ့ နီနီဝင်းရွှေက သူမမြန် မာနိုင်ငံကို နောက်တစ်ခေါက်ပြန် ရောက်ခဲ့ရင် ပရိသတ်နဲ့ သီချင်းတွေ သီဆိုဖျော်ဖြေရင်း တွေ့ဆုံချင်ပါ တယ်လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here