နန်းမြတ်ဖြိုးသင်းရင်သွေးလေးလွယ်ထားရပြီ

0
110

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း ကတော့ သူအိမ်ထောင်ပြုပြီးတဲ့ အချိန်ကစပြီး အိမ်ထောင်ရေးကို တစ်ပိုင်း၊ ကိုယ်ချစ်တဲ့ အနုပညာ အလုပ်တွေကို ပိုမိုကောင်းမွန်အောင် လုပ်နေတာတစ်ပိုင်းနဲ့ နှစ်ခုစလုံးမျှတ အောင် လုပ်ကိုင်နေသူဖြစ်ပါတယ်။ ယခုအချိန် မှာတော့ နန်းမြတ်ဖြိုးသင်း မှာ ရင်သွေးလေး ရှိနေပြီလို့ သိရပါ တယ်။ ရင်သွေးလေးရှိနေတဲ့ ပီတိ စကားသံက ဘယ်လိုဖြစ်မလဲလို့ မေး ကြည့်တဲ့အခါမှာတော့ နန်းမြတ် ဖြိုးသင်းက…

”နန်းမြတ် ရင်သွေးလေး ရှိမှန်း သိတာကတော့ ကိုယ်ဝန်၁လ လောက် ကတည်း ကသိတာပါ။ ဒါပေမဲ့အိမ်သားတွေ ကို ဖွင့်မပြော ခဲ့ဘူး။ ဘာဖြစ်လို့လဲဆို တော့ ၁ လဆိုတာ တအားငယ်သေး တယ်။ တအားလည်းနုသေးတယ်။ ကျိန်း လည်း မကျိန်းသေဘူးဆို တော့ မပြောဖြစ်ခဲ့ဘူး။ အခုကတော့ ၃လ ထဲရောက်ပြီဆိုတော့ အသိပေးဖြစ် တာပါ။ အာထရာဆောင်းရိုက်လိုက် တော့ လူပုံလေး နည်းနည်းလေး ပေါ်နေပြီဆိုတော့ အဲဒါလေးတွေ့ လိုက်ရတဲ့အချိန်မှာ ရင်ထဲမှာ ဘာနဲ့ မှမတူဘူး။ မျက်ရည်တောင်ဝဲမိတယ်။ ကိုယ့်ဆီမှာ ဒီလိုမျိုး လူလေးတစ် ယောက်ရှိနေတယ်ဆိုပြီး၊ ပြီးတော့ နှလုံးခုန်သံလည်း ကြားနေရပြီဆို တော့ အဲဒီအသံကလည်း တဒိတ်ဒိတ် နဲ့ဆိုတော့ ကိုယ်လည်း ရင်ခုန်မိ တယ်။ အခုချိန်မှာတော့ နန်းမြတ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်းပဲ လုပ် ဖြစ်တယ်။ အဲဒီတော့ ဒီအရှေ့လပိုင်း တွေဆို မူးတယ်၊ အန်တယ်။ အဲဒါ တွေကတော့ လူတိုင်းကြုံတဲ့ ကိစ္စ ဆိုတော့ နန်းမြတ်လည်း အခု အဲဒီလို မျိုး ကြုံနေရတယ်”လို့ နန်းမြတ်ဖြိုး သင်းက ပြောပါတယ်။

ဇနီးသည်ဖြစ်သူက ရင်သွေး လေး လွယ်နေရပြီဖြစ်တဲ့အတွက် ကိုယ်လည်း ဖခင်တစ်ယောက် ဖြစ် တော့မယ်ဆိုတော့ ခံစားချက်က ဘယ်လိုဖြစ်နေလဲလို့ မေးကြည့်တဲ့အ ခါမှာတော့ နန်းမြတ်ဖြိုးသင်းရဲ့ ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးက…

”မိန်းမမှာ ရင်သွေးလေးရှိနေပြီ လို့ သိလိုက်ရတဲ့အချိန်က တအား ပျော်တယ်။ သူ့ကိုလည်း တအား ဂရုစိုက်တယ်။ အလုပ်တွေ တောင် လျှော့ပြီး သူ့နားမှာပဲနေဖြစ် တယ်။ အချိန်ပေးဖြစ်တယ်။ အကောင်းဆုံး ဂရုစိုက်ပေးချင်တယ်။ အဲဒီအတွက် အခုအချိန်မှာ သူ့အနား မှာပဲ သူလို အပ်တာမှန်သမျှ လုပ်ပေး ဖြစ်နေ တယ်”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here