ဟာသတစ်ခုလုပ်ဖို့ အခါတစ်ရာလောက် ငိုလိုက်ချင်တယ် ထွန်းအိန္ဒြာဗို

0
808


ထွန်းအိန္ဒြာဗိုကိုတော့ အောက်ဖဲမလှန်ကြေးနော် ရုပ်ရှင်ဇာတ်ကားမှာ အသက်အရွယ်ကြီးပေမယ့် လှချင်လွန်းတဲ့အတွက် ကလေးတွေနဲ့အပြိုင် ပြင်ဆင်တတ်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် မြင် တွေ့ရမှာပါ။ ဒရာမာအိုက်တင်တွေ ပီပြင်မှုရှိတဲ့အတွက် ဇာတ်အိမ်ဇာတ်လမ်းကောင်းတဲ့ ရုပ်ရှင်ဇာတ် ကားတွေမှာပါဝင်မှုများတဲ့ ထွန်းအိန္ဒြာဗိုကိုတော့ ဟာသရုပ်ရှင်ဇာတ်ကားတွေမှာ မြင်တွေ့ရတာ နည်းပါတယ်။ ဟာသဇာတ်ကားတွေ သရုပ်ဆောင်ရတာ ပိုခက်ခဲတယ်လို့ဆိုတဲ့ ထွန်းအိန္ဒြာဗိုက…

”သူများတွေကတော့ ဒရာမာတွေဆိုရင် ငိုရတာတွေ၊ ပြောရတာတွေ၊ ဒေါသထွက်ရတာတွေအတွက် ခက်ခဲတယ်လို့ ပြောတဲ့သူတွေလည်း ပြောကြပါတယ်။ တကယ်တော့ ကျွန်မကဟာသတစ်ခုလုပ်ဖို့အတွက် အခါတစ်ရာလောက် ငိုလိုက်ချင်တယ်။ ငိုရတာပိုလွယ်ပါတယ်။ ဟာသကတော့ ကြိုးစားပြီးလုပ်ရမှာ ပေါ့နော်။ ဟာသဆိုပေမယ့်ကျွန်မကို ပလော့နဲ့ပဲခိုင်းတော့ပလော့နဲ့ပဲ စိတ်သွင်းပြီးသွားရုံပဲ။ ဒါကို ရယ်ရပါစေတော့ဆိုပြီး စဉ်းစားပြီးသွားရင်တော့ ကျွန်မမှားမှာပဲ။ ရယ်ရမှာမဟုတ်ဘူး။ ကျွန်မက ရယ်စရာသိပ်မကျွမ်းကျင်တဲ့အတွက်ကြောင့်ပါ”လို့ ပြောပါတယ်။ အခုနောက်ပိုင်းမှာတော့ ရုပ်ရှင် ဇာတ်ကားတွေကို နိုင်ငံတကာပုံစံအတိုင်းစနစ်တကျ ရိုက်ကူးတဲ့လူငယ်တွေလည်း ပေါ် ပေါက် လာပါတယ်။ ရုပ်ရှင်လောက ထဲမှာ နှစ်ပေါင်းများစွာတိုင်ဖြတ် သန်းခဲ့တဲ့ ဝါရင့်အနုပညာရှင်တစ်ဦး အနေနဲ့လက်ရှိမှာ ရိုက်ကူးနေကြတဲ့ လူငယ်တချို့ရဲ့ ရုပ်ရှင်ဇာတ်ကားတွေအပေါ်မှာ သုံးသပ် စကားကတော့ . . .

”သိပ်စနစ်တကျရှိတာပေါ့။ ကျွန်မတို့က အခုလုပ်သက် ၂၇ နှစ် ဝန်း ကျင်မှာ ဒီလိုစနစ်တကျလေးသွားတဲ့ ခေတ်လေးနည်းနည်း မီလိုက်သလို။ ငဲ့ညှာရတာတွေ အများကြီး။ ငဲ့ညှာရတာတွေကြောင့် စရိတ်ချုံ့ရတာတွေ ကြားထဲမှာလအများကြီး ဖြတ် သန်းခဲ့ဖူးတယ်။ ဒီနေ့ခေတ်စနစ်တကျပြန် ရိုက်ကူးကြတယ်ဆိုတဲ့ ကလေးတွေက သိပ် အကုန်အကျခံပြီး ရိုက်ကူးတယ်။ တကယ်လည်းကောင်းပါတယ်”လို့ ထွန်းအိန္ဒြာဗိုက ပြော ပါတယ်။ ထွန်းအိန္ဒြာဗိုက အခုလက်ရှိမှာ ပရိသတ်တွေကြည့်ရှုနားဆင်နိုင်ဖို့အတွက် သီချင်းသစ်တစ်ပုဒ်ကို စီစဉ်နေပါတယ်။ ဒီသီချင်းကို အောင်ထက်က ရေးသားပေးထား တာဖြစ်ပြီး ဒါရိုက်တာအဝေးက MTV အဖြစ် ရိုက်ကူးပုံဖော်ပေးမှာဖြစ်ကြောင်း သိရပါ တယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here