အိမ်ထောင်မပြုဖြစ်တာ အမေ နဲ့ အစ်ကို တွေကြောင့်လည်းပါတယ်အဆိုတော် ကော်နီ

0
303

အဆိုတော်ကော်နီက လက်ရှိမှာတော့ သိမ်ဆောက်လုပ်လှူဒါန်းဖို့ စီစဉ် လျက်ရှိပါတယ်။ မိခင်ဖြစ်သူက ပစ္စည်းလေးပါးဒါယကာအဖြစ် ကုသိုလ် ယူဖြစ်နေတဲ့ ဆရာတော်တစ်ပါးရဲ့ကျောင်းမှာ သိမ်ဆောက်လုပ်လှူဒါန်းမှာပဲ ဖြစ်ပါတယ်။ မိခင်ဖြစ်သူသက်ရှိထင်ရှားရှိစဉ်အတွင်းမှာ မိခင်ဖြစ်သူ လုပ်ချင် တဲ့ကုသိုလ်ကောင်းမှုတွေကို လုပ်ဆောင်ပေးချင်တာကြောင့် ငွေကျပ်သိန်း ၁ဝဝ မတည်ငွေအဖြစ် လှူဒါန်းထားတယ်လို့ ပြောပါတယ်။

”ကျန်တာကတော့ရှိတာရောင်းမယ်။ အဆောက်အအုံ ဆောက်တာကျ တော့ အများကြီးကုန်မှာလေ။ မကော်က တကယ်တမ်းကျတော့ ပိုက်ဆံ လည်းမရှိပါဘူး။ အဲဒီတော့သိမ်ဆောက်မှာပါ။ လှူဒါန်းပေးကြပါဦး။ အဓိကက တော့ အမေစိတ်ချမ်းသာသွားရအောင်ပေါ့လေ”လို့ သိမ်ဆောက်လုပ်ဖြစ်ခြင်းနဲ့ ပတ်သက်လို့ ကော်နီက ပြောပြပါတယ်။ ကော်နီကလက်ရှိအချိန်အထိ အိမ် ထောင်မပြုသေးဘဲ မိခင်ဖြစ်သူကို စောင့်ရှောက်ပေးနေလျက်ရှိပါတယ်။ သူ့ အနေနဲ့ အိမ်ထောင်မပြုဖြစ်တာက မိခင်ဖြစ်သူကြောင့်လည်းပါသလို အစ်ကိုတွေကြောင့်လည်းပါတယ်လို့ ကော်နီက ပြောပြပါတယ်။

”တစ်ခါတလေကျရင်တော့ တအားအထီးကျန်တယ်။ နေမကောင်းရင် တောင် ကိုယ့်ဘာသာကိုယ် ကားမောင်းပြီးတော့ ဆေးခန်းကိုကိုယ်တိုင်သွားရတဲ့ ဘဝမျိုးမှာဖြစ်နေတာပေါ့။ ကိုယ့်ဘေးနားမှာ အစ်ကိုတွေလည်းမရှိတော့ဘူး။ ယောက်မတွေတူမတွေကလည်း သူ့ဘဝနဲ့သူ သွားကြတဲ့အခါကျတော့ သားအမိ နှစ်ယောက်တည်းနေတာ။ ပြီးတော့ ကြောင် ၁၄ ကောင်၊ ခွေး၂ ကောင်နဲ့ပေါ့။ ဒါပေမဲ့ တစ်ယောက်တည်းသမားကပိုပြီးကောင်းတယ်လို့ထင်ပါတယ်။ အများ ကြီးလွတ်လပ်တယ်။ ဥပမာ ညဘက်တွေဘာတွေသွားရင် အမေ့အမြဲတမ်း ဖုန်းဆက်နေတာ။ ယောက်ျားရှိရင် ဘယ်သွားလို့ရမလဲ။ ကိုယ်လှူချင်တာ လှူလို့ရတယ်။ သွားချင်တာသွားလို့ရတယ်။ အိမ်မှာ ချက်မစားချင်လည်းရ တယ်။ ယောက်ျားတွေ သားသမီးတွေရှိရင်တော့ ကရိကထတွေ ပိုများ မယ်လို့ထင်ပါတယ်။ ပြီးတော့အစ်မက အစ်ကိုတွေရဲ့ Control နဲ့နေခဲ့ရ တာလေ။ ပြီးတော့ မိန်းမစိတ်သိပ်မရှိဘူး။ ငယ်ငယ်တုန်းကဆိုရင် သူများ တွေက Tomboy လို့ပဲထင်တာ။ အဲဒီလိုမျိုးပဲနေခဲ့တာပေါ့လေ။ အစ်ကို တွေနဲ့နေခဲ့တာဆိုတော့လေ။ ကရာတေးတွေသင်တယ်။ ဘောလုံးတွေကန် တယ်။ နောက်ပြီး အမေ့ကြောင့်လည်းဟုတ်တယ်။ သမီးရယ်တစ်ယောက် တည်းပဲနေပါ။ ပြီးတော့ အဖေက အစ်မ ၂၁ နှစ်အရွယ်မှာ ဆုံးပါးသွားတယ်။ အဲဒီမှာကိုယ်ကမိသားစုရဲ့ဝန်ကိုစပြီးတော့ထမ်းရပြီ။ အဲဒီတော့ အိမ်ထောင် ရေးဆိုတာကို ခေါင်းထဲကို မထည့်တော့တာ
ပေါ့။ အကြောင်းအကျိုးပါလေ။ အစကတည်းက ဒီလိုဖြစ်ဖို့ကံပါလာ တာပဲပြောရမှာပေါ့”လို့ အိမ် ထောင်မပြုဖြစ်တဲ့အကြောင်းကို
ကော်နီကရှင်းပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here