ဇာတ်ကားတွေ မရိုက်ကူးဖြစ်တော့ပေမယ့် ပရိသတ်တွေသူ့ကို မှတ်မိသေးတဲ့အတွက်ပျော်ရွှင်နေသူကောင်းခန့်

0
586

ဇာတ်ကားတွေ မရိုက်ကူးဖြစ်တော့တာ ၅နှစ်လောက်ကြာပြီဖြစ်တဲ့သရုပ်ဆောင်ကောင်းခန့်က အနုပညာ မောင်နှမတွေနဲ့တွေ့တဲ့အခါ မှာတော့ အရင်ကအကြောင်းတွေကိုပြန်ပြီးသတိရဖြစ်တယ်လို့ပြောပါတယ်။ အနုပညာသမားတွေနဲ့ ဆုံ ဖြစ်တဲ့အခါနဲ့ သူပါဝင်ရိုက်ကူးထားတဲ့ဇာတ် ကားတွေပြန်ကြည့်ဖြစ်တဲ့ အခါမှာတော့ ဇာတ်ကားတွေပြန်လည်ရိုက်ကူးချင်တဲ့စိတ်တွေပေါ်မိတယ်လို့ဆိုပါတယ်။

”ကိုယ်ကလည်း အဲဒီအချိန် တုန်းက ရိုက်ကူးချင်တဲ့စိတ်တွေ ပျောက်သွားတာလည်းပါတယ်။ မ ရိုက်ကူးလိုက်နဲ့ ရိုက်ကူးဖြစ်တဲ့ အချိန်မှာလည်း ကျွန်တော်စီးပွားရေးဘက်ရောက်သွားတယ်။ ပြီးတော့ ခန္ဓာကိုယ်လည်း ဝလာတယ်။ ဝလာတော့ ရိုက်ကူးချင်တဲ့စိတ်ကပျောက်သွားပြန်ကောလေ။ အဲဒီလိုမျိုးတွေကြောင့် ရိုက်ဖို့အတွက်ကို မရိုက်ကူး ဖြစ်တော့တာပါ။ ရိုက်မယ်ဆိုရင် လည်း ကျွန်တော့်လက်ရှိဒီပုံစံနဲ့မှမ ဖြစ်တာကိုး။ သေချာကိုပြင်ဆင်မှုပိုင်း တွေလုပ်ရဦးမယ်။ အဓိကတော့ ခန္ဓာကိုယ်၊ အသားအရေ၊မျက်နှာ အကုန်လုံးကို ပြန်ပြင်ဆင်ပြီးတော့ လုပ်ရမှာပါ။ သရုပ်ဆောင် တစ်ယောက်လုပ်ရတာ လွယ်မှမလွယ်တာလေ။ ကိုယ့်ဘက်ကဏနမ်နခအဖြစ်မှ ပဲ ရိုက်ကူးဖို့ရှိပါတယ်” လို့ သူဇာတ် ကားတွေ မရိုက်ကူးဖြစ်ခြင်းအ ကြောင်း ကို ကောင်းခန့်က ပြောပါတယ်။ ဇာတ်ကားတွေမရိုက်ကူးဖြစ်တော့ပေမယ့် သူ့ကိုချစ်တဲ့ ပရိသတ် တွေကတော့ လမ်းမှာတွေ့တိုင်းနှုတ် ဆက်ကြတဲ့ အတွက်သူ့အနေနဲ့ ကြည်နူး ပီတိဖြစ်မိပါတယ်လို့ဆိုပါတယ်။

”ဒီနေ့ ဒီအချိန်အထိကိုယ့်ကို မှတ်မိသေးတဲ့ ပရိသတ်တွေရှိတော့ဝမ်းသာတာပေါ့နော်။ မရိုက်ကူးဖြစ်တော့တဲ့အပေါ်မှာလည်း ပရိ သတ်တွေကို အားနာစိတ်ဖြစ်မိပါတယ်။ ဒါပေမဲ့ချန်နယ်တွေ ဘာတွေကနေကျွန်တော်ပါတဲ့ ဇာတ်ကားတွေ ပြန်ပြီးပြသကြတဲ့အတွက် သိပ်ပြီးတော့ မဟသွားဘူးပေါ့” လို့ သူက ပရိသတ်တွေကိုကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ကောင်းခန့်က လက်ရှိအချိန်မှာတော့ စီးပွားရေးဘက်ကိုပဲ ဇောက်ချလုပ်ကိုင် ဖြစ်နေပြီး ဇနီးနဲ့ သမီးလေးနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here