မိန်းမအိုက်တင်မျိုး မသင်ပေး တတ်ဘူး ဆိုတဲ့ဖြိုးငွေစိုး

0
342


သရုပ်ဆောင် ဖြိုးငွေစိုးရဲ့ ညီမဖြစ်သူ သီရိစိုးက အစ်ကိုလိုပဲ အနုပညာကို ဝါသနာပါသူတစ်ဦးပါ။ အနုပညာကို စတင်လုပ်လုပ်ချင်းမှာတော့ အစ်ကိုဖြစ်သူက အနုပညာအလုပ်တွေ လုပ်ကိုင်ဖို့ သဘောမတူခဲ့ပါဘူး။ ကိုယ်တိုင်က အနုပညာသမားတစ်ယောက်ဖြစ်ပေမယ့် ညီမဖြစ်သူကို အနုပညာအလုပ်တွေ လုပ်ကိုင်ဖို့ သဘောမတူရခြင်း အကြောင်း ကိုတော့ ဖြိုးငွေစိုးက …

”ကျွန်တော်က သဘောတူတယ် မတူတယ် မဟုတ်ပါ ဘူး။ ဒီလောကရဲ့ အခက်အခဲက သူလည်း မြင်နေတာ ကိုယ် လည်း မြင်နေတာပဲလေ။ အတတ်နိုင်ဆုံးတော့ လုပ်ပေးလို့ရ တာ လုပ်ပေးမယ်။ သူတစ်ခုခုဖြစ်သွားအောင်တော့ ကျွန်တော် ဘာမှမလုပ်ပေးတတ်ဘူး။ ကိုယ့်ဘာသာကိုယ် တောင် မလုပ်တတ်ဘူးလေ။ ကိုယ်ကိုယ်တိုင် လုပ်ကြည့်မှ ဒီလောကရဲ့ အခက်အခဲကို နားလည်မှာပါ” လို့ ပြောပါ တယ်။

သီရိစိုးက ဖြိုးငွေစိုးရဲ့ ညီမဖြစ်နေတဲ့အတွက် အနု ပညာလောကမှာ တခြားသူတွေထက်စာရင် အဆင်ပြေနေပါ တယ်။ အစ်ကိုဖြစ်သူရဲ့ ရှုတင်တွေကို ငယ်စဉ်ကတည်းက လိုက်ခဲ့တဲ့အတွက် အနုပညာလောကနဲ့တော့ မစိမ်းတော့ပါ ဘူး။ ဖြိုးငွေစိုးက ညီမ ဖြစ်သူကို အနုပညာလောကမှာ ဘယ်သူတွေနဲ့ လက်တွဲအလုပ်လုပ်သင့်တယ်။ ဘယ်သူတွေ နဲ့ အလုပ် မလုပ်သင့်ဘူးဆိုတာမျိုးတွေကို ပြောပြဖြစ်ပေ မယ့် အိုက်တင်ပိုင်းကိုတော့ မသင်ပေးဖြစ်ဘူးလို့ ဆိုပါတယ်။

”ကျွန်တော် လူတစ်ယောက်ကို သိပ်မသင်ပြဘူး။ သူကိုယ် တိုင် ဆုံးဖြတ်ပြီးလုပ်မှ ကောင်းတာ။ မှားရင်လည်း မှားလိုက် ဦးမှ သူအတွေ့ အကြုံရမှာလေ။ ကျွန်တော်တို့ လိုက်ပြော လို့လည်း အကုန်လုံး မမှန်နိုင်ဘူး။ သူဖြတ်သန်းရမယ့် လောကကို သူကိုယ်တိုင်ဖြတ်သန်းတာပဲ ကောင်းပါတယ်။ မကြုံကြိုက်တာလည်း ပါပါတယ်။ နောက်ပြီး မိန်းမအိုက်တင် ကျတော့ ကျွန်တော်လည်း မသင်တတ်ဘူး” လို့ပြောပါတယ်။

ဖြိုးငွေစိုး ပါဝင်သရုပ်ဆောင်ထားတဲ့ ‘မှော်ကျောက်စာ’ ရုပ်ရှင် ဇာတ်ကားကလည်း မကြာမီရုံတင်ပြသတော့မှာဖြစ် ပြီး ပရိသတ်တွေအတွက် အသစ်အဆန်းဖြစ်စေမယ့် ရုပ်ရှင် ဇာတ်ကားပါလို့ဆိုပါတယ်။ လတ်တလောမှာတော့ ဖြိုးငွေစိုး က မိသားစုကိုပဲ အချိန်ပေးဖြစ်နေပြီး ကလေးက သူ့ကိုထိန်း သလို သူကလည်း ကလေးပြန်ထိန်းလိုက်ပဲ လုပ်နေတယ်လို့ ဆိုပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here