ကွယ်လွန်သူ မင်းသွေး ဖြောင့်ဖြောင့်ဖြူးဖြူးသွားနိုင်အောင် အမိန့်ပြန်တမ်း ထုတ်ပေးခဲ့တယ်ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်း

0
294

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းနဲ့ အမှုဆောင်အဖွဲ့ တို့ဟာ မင်းသွေးကို သင်္ဂြိုဟ်တဲ့ ဈာပနနေ့မှာ အဖွဲ့အစည်းတစ်ခုရဲ့ လုပ်ထုံး လုပ်နည်းအတိုင်း မင်းသွေးအတွက် အမိန့်ပြန်တမ်း ထုတ်ပြန်ပေးခဲ့ပါတယ်။ အဲဒီအမိန့်ပြန်တမ်းဟာ ကွယ်လွန်သူ မင်းသွေးအတွက် ဖြောင့်ဖြောင့်ဖြူးဖြူး သွားနိုင်အောင် ထုတ်ပေးခဲ့ခြင်းဖြစ်တယ်လို့ ဦးဇင်ဝိုင်းက အခုလို ပြောပါ တယ်။

”မင်းသွေးရဲ့ ဈာပနနေ့မှာပဲ အမိန့်ပြန်တမ်း ထုတ်ပေးခဲ့ပါတယ်။ အမိန့် ပြန်တမ်းဆိုတာ ထုတ်ပေးရပါတယ်။ အဖွဲ့အစည်းတစ်ခုမှာ ပါဝင်နေတဲ့ ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တစ်ဦး အတွက် ကျွန်တော်တို့က အမိန့်ပြန်တမ်းထုတ် ပေးရတယ်ဆိုတာ ရှိပါတယ်။ ကွယ်လွန်သူ ဖြောင့်ဖြောင့်ဖြူးဖြူးသွားနိုင်အောင်အတွက် အမိန့်ပြန်တမ်း ထုတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ အဖွဲ့အစည်းနဲ့ မသက်ဆိုင်တော့တဲ့ အကြောင်းပေါ့။ အမိန့်ပြန်တမ်း မထုတ်ခင်လည်း သူ့ရဲ့မိသားစု တွေကို မေးပါတယ်။ မိသားစု တွေလည်း သိပါတယ်။ မိသားစုတွေကလည်း လုပ် စေချင်တဲ့ ဆန္ဒရှိကြတဲ့ အတွက် လုပ်ပေးခဲ့ခြင်းဖြစ် ပါတယ်” လို့ ရုပ်ရှင်အစည်း အရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပြခဲ့ပါတယ်။

ဦးဇင်ဝိုင်းဟာ မင်းသွေးကွယ်လွန်တဲ့ နေ့ကနေစလို့ ဈာပန အပါအဝင် ရက်လည် ဆွမ်းကျွေးအထိ မင်း သွေးရဲ့ မိသားစုဝင်တွေ နဲ့ တစ်သားတည်း ဝိုင်း ဝန်းကူညီခဲ့တာဖြစ်ပါ တယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here