အိပ်ခန်းလေးထဲက အသုံးအဆောင် ပစ္စည်းတွေသာ စကားပြောတတ်မယ်ဆိုရင်…

0
269

အိပ်ရာခြေရင်းက TV နဲ့ နံရံဟာ သူအများဆုံး မျက်နှာမူခဲ့မယ့် အရပ်ပဲ ဖြစ်မှာ။ TV အောက်နားကတော့
သူ့သမီးလိုဖြစ်နေတဲ့ အိုင်ကီ(ကျော်ကျော်ဗိုသမီး)ရဲ့
အလွမ်းပန်းတွေနဲ့ ဆုတောင်း

သွားလေ သူကတော့ သွားလေပြီ။ အိပ်ခန်းလေး ထဲက အသုံးအဆောင်ပစ္စည်းတွေသာ စကားပြော တတ်မယ်ဆိုရင် သူတို့သခင် ဘာဖြစ်လို့ ပြန်မလာ လဲဆိုတာမေးနေကြတော့မှာပဲ။ စင်ကာပူက ပြန်အလာ မှာ ဝတ်ခဲ့တဲ့ ရှပ်အင်္ကျီအပြာရောင်လေးတောင် ကိုယ် သင်းနံ့တွေ မပျောက်သေးဘူးလေ။ ပြီးတော့ တစ်သက် လုံး စုဆောင်းခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အင်္ကျီတွေ။ နောက်ရာ သီသစ်မှာဝတ်ဆင်မယ့် ယူနိုက်တက် အင်္ကျီ အသစ်ကိုတော့ သူမစုဆောင်းနိုင်တော့ပါဘူး။ အိပ်ခန်း လေးကတော့ ညီလေးငယ် (မင်းသွေး)ရှိနေတဲ့အတိုင်း ကပိုကရိုလေးနဲ့ မပြောင်းလဲပါပဲ။ အကယ်၍ သူသာပြန် လာဦးမယ်ဆိုရင်ပေါ့လေ….။

သူငယ်ချင်းဖြစ်သူ မိုးယံဇွန်ကတော့… ”ကျွန် တော့်အနေနဲ့ သူငယ်ချင်းတွေအိမ်ကို သွားလေ့သွား ထမရှိဘူး။ ဒါပေမဲ့ထွန်းထွန်းနဲ့ မင်းသွေးအိမ်ကိုတော့ မကြာမကြာရောက်ဖြစ်တယ်” လို့ ဆိုတယ်။မင်းသွေးရဲ့ အိပ်ခန်းလေးမှာတော့…..။

နံရံပေါ်က ပုံရိပ်များ လွမ်းအောင် ပိုပြုစား

ဘုရားခန်းနဲ့ ကပ်ရက် အိပ်တာတောင်မှ ခေါင်းရင်းမှာ ရုပ်ပွားတော်ကို
ပူဇော်ထားသေးတယ်။ တီးနေကျ ခေါင်းလောင်းလေးက စက္ကူဘူးထဲမှာ

သူ့ပရိသတ်ကို Live လွှင့်ပြောနေကျ အိပ်ရာနေရာလေးလည်း
နောင်ဆို ပရိသတ်နဲ့ ဝေးသွားမလား …

 


LEAVE A REPLY

Please enter your comment!
Please enter your name here