‘မီ’ ဖြစ်ခဲ့တယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်တဲ့ပိုင်ဖြိုးသု

0
296

အကယ်ဒမီပိုင်ဖြိုးသု ပါဝင်သရုပ်ဆောင်ထားတဲ့ ‘မီ’ ရုပ်ရှင်ဇာတ်ကားက မကြာခင်ရုံတင်ပြသတော့မှာဖြစ် ပါတယ်။ ရုံတင်ဖို့နီးလာလေလေ ပိုင်ဖြိုးသုတစ်ယောက် လည်း ရင်ခုန်လေလေပါပဲ။ Behind The Scene တွေကိုကြည့်ပြီးတဲ့အခါမှာတော့ ‘မီ’ဖြစ်ခဲ့တယ် လို့ ကိုယ့်ကိုယ်ကိုယ်ထင်တဲ့အကြောင်း ပိုင် ဖြိုးသုက အခုလိုပြောပါတယ်။

”ဆရာမကြီးကြည်အေးရဲ့ စာဖတ်ပရိသတ်တွေရဲ့ အမြင် တွေ၊ သူတို့ရဲ့ Comment တွေ ကပေါ်မှာ သုပိုပြီးတော့ ရင် ခုန်နေပါတယ်။ Behind The Scene တော်တော်များများမှာ သု ပြန်ကြည့်မိတော့ မီဖြစ်ခဲ့တယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်တယ်။ ဘာလို့လဲ ဆိုရင် သုက ခါတိုင်းဆိုရင် ရှုတင်မှာဖြစ် ဖြစ် အပြင်မှာဖြစ်ဖြစ် ပျော်ပျော်နေတာများ တယ်။ အမြဲတမ်းရယ်နေတာလေ။ မီမှာတုန်းက တော့ ပြုံးတာ အတော်ကိုရှားတယ်။ မီထဲမှာ အမြဲတမ်း မျောနေခဲ့တာ။ အဲဒီဇာတ်ကားရိုက်တုန်းက သုကိုယ် တိုင် အတော်ပြောင်းလဲခဲ့ပါလားပေါ့။ Behind The Scene တွေ ပြန်ကြည့်မိမှပဲ သေချာသိတော့တယ်။ ကိုယ့်ကိုယ်ကိုယ် မီလို့ပဲသတ်မှတ်ပြီးတော့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ သရုပ်ဆောင်နေတာမျိုးဖြစ်မှာစိုး လို့ကို မီလိုပဲနေထိုင်ပြီး စိတ်ကိုလှည့်ခဲ့တယ်။ ရိုက် နေတုန်းမှာတော့ မီဆိုတဲ့စိတ်ကို စီးမျောပြီးရိုက် ခဲ့တာဖြစ်ပါတယ်”လို့ ပိုင်ဖြိုးသုက ပြောပြခဲ့ပါ တယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here