ခီမောင်နှံတို့ ရိုက်ကူးမယ့် ဇာတ်ကားတွေမှာ မပါဝင်ဖြစ်ရခြင်းအကြောင်း အောင်မြင့်မြတ် ရှင်းပြ

0
115

‘ဥပါယ်တံမျဉ်’ ရုပ်ရှင်ဇာတ် ကားမှာ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံနဲ့အတူ အတွဲညီခဲ့တဲ့ သရုပ်ဆောင် အောင်မြင့်မြတ်ဟာ နောက်ပိုင်းမှာတော့ ခီမောင်နှံတို့နဲ့ အတူ ဇာတ်ကားရိုက်ကူးဖြစ်ဖို့ ရာ ခိုင်နှုန်း နည်းလာပါတယ်။ အောင် မြင့်မြတ်ကတော့ ခီမောင်နှံတို့နဲ့ အလုပ်တွေ တွဲမလုပ်တော့ဘူးဆိုတဲ့ သဘောလည်း လုံးဝမဟုတ်ပါ ကြောင်း ဆိုပါတယ်။ ဘာကြောင့် လဲဆိုရင် ”သူတို့နဲ့ မရိုက်တော့တာ မဟုတ်ဘူး။ သူ တို့နဲ့ဆိုရင် Casting တွေ ဝင်ရတာ ကိုလုပ်ရမှာ။ အမှန် တော့ ကျွန်တော် သူတို့နဲ့ လုပ်ချင် တယ်။ အခုနောက် ဇာတ်ကားတွေ ရိုက်ကူးဖို့ Casting ခေါ်တဲ့ အချိန် မှာ ကျွန်တော်ကလည်း နေပြည် တော်မှာ တောက်လျှောက်ရိုက်ကူး ဖြစ်နေတဲ့အချိန်ဖြစ်သွားတယ်။

သူတို့ နဲ့ဆိုရင် Casting ဝင်ပြီးတာနဲ့ Pre-Production ရှိမယ်။Production ရှိမယ်။Post Production ရှိမယ်။ ကျွန်တော်က အခုဖြစ်နေတာက နောက်နှစ်အထိကို ပြောပြီးသားတွေ က ရှိနေတာဖြစ်တယ်။ အဲဒါကြောင့် သူတို့နဲ့သွားပြီးတော့ ပူးပေါင်းလိုက် ဖို့ အဆင်မပြေလောက်ဘူးဖြစ်သွား တယ်။ ကိုယ့်ဘက်က အချိန်အခက် အခဲဖြစ်နေတာပါ။ သူတို့နဲ့ တွေ့ တော့လည်း ပြောဖြစ်တယ်။ ကျွန် တော်ကတော့လုပ်ချင်တယ်လို့။ အစ်မ (ခရစ္စတီးနားခီ)ကတော့ ပြောတယ် ဘာမှမဖြစ်ဘူး။ နောက် နင်နဲ့ ကာ ရိုက်တာလိုက်တာရှိရင် ပြောမယ်တဲ့။ အခု မပါဝင်ဖြစ်တာတောင်မှ သူတို့ ကလည်း အခုရွေးနေတဲ့ Casting တွေပြီးတာကို ကျွန်တော်က စောင့် နေတာ။ သူတို့ Training ပေးတာကို ကျွန်တော် စောင့်နေတယ်။ ကျွန် တော် အဲဒါကိုတော့ သွားတက်ဖြစ်ပါ မယ်”လို့ အောင်မြင့်မြတ်ကတော့ ပြောပါတယ်။

ခီမောင်နှံတို့နဲ့တော့ အဆက် အသွယ်မပြတ်ဘဲ အမြဲတမ်း ဆုံတွေ့ ဖြစ်နေတယ်လို့ အောင်မြင့်မြတ်က ပြောပြတယ်။ လက်ရှိမှာတော့ အောင်မြင့်မြတ် အဓိကပါဝင်သရုပ် ဆောင်ထားတဲ့ ‘အပ်ဖျားတစ်ထောက်’ ရုပ်သံဇာတ်လမ်းတွဲကို မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှာ ပြသလျက်ရှိ ပါတယ်။ အောင်မြင့်မြတ်ကတော့ ကာရိုက်တာတွေ တစ်ခုနဲ့တစ်ခုမထပ် အောင် ပြင်ဆင်နေတယ်လို့ဆိုတယ်။ သူကိုယ်တိုင်စဉ်းစားထားပြီး ရိုက်ကူး ချင်တဲ့ ပုံစံလေးတွေလည်း ရှိနေပြီး တစ်ချိန်ချိန်မှာတော့ လုပ်ဖြစ်လာ မယ်လို့ ပြောပါတယ်။

”အဲဒီလို လုပ်ဖြစ်ရင်တောင် ကိုယ်တိုင်ဝင်ရိုက်လိုက်ရမှ မဟုတ် ဘူးပေါ့။ ကိုယ်ဖန်တီးလိုက်တဲ့ လက် ရာလေးကိုပဲပြလိုက်ချင်တာ။ ကျွန် တော့်ရဲ့ ပရိသတ်တွေအတွက် မတူ တဲ့ ကာရိုက်တာတွေနဲ့ အမြဲတမ်း ကြိုးစားနေမှာပါ။ ကျွန်တော့်ကို လည်းဆက်လက်အားပေးကြပါဦး” လို့ ပရိသတ်အတွက် အမှတ်တရ စကားဆိုခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here