အိမ်ရဲ့ ဆည်းလည်းလေး မင်းသွေးနဲ့ပေါ်ပြူလာတို့ရဲ့ ရေစက်

0
250

လေးငယ် မင်းသွေးနဲ့ ပေါ် ပြူလာဂျာနယ်တို့ရဲ့ တွေ့ဆုံ ရင်းနှီး မှုဟာ သာမန်ရင်းနှီးခင်မင်မှု မဟုတ် ဘဲ ညီရင်းအစ်ကို မောင်ရင်းနှမ သဖွယ် ဖြစ်ပါတယ်။ ပေါ်ပြူလာနဲ့ မင်းသွေးဟာ ပရဟိတတွေ အတူတူ လုပ်ကိုင်ခဲ့ကြတယ်၊ အနုပညာ အလုပ်တွေအတွက် အပြန်အလှန် ကူညီပေးခဲ့ကြတယ်၊ ဘာသာရေးတွေ လည်း အတူတူ လုပ်ကိုင်ဖြစ်ခဲ့ကြ ကုသိုလ်ယူဖြစ်ခဲ့ကြပါတယ်။

ညီလေးငယ်ဟာ ခင်မင်စရာ ကောင်းသလို မာနမကြီးဘဲ ပျော် ပျော်ရွှင်ရွှင်နေတတ်သူတစ်ယောက် ပါ။ ဒါကြောင့်လည်း သူ့ကို ပေါ်ပြူ လာ ဂျာနယ်မိသားစုအားလုံးက ချစ် ခင်ကြသလို အနုပညာရှင်၊ ပရိသတ် များကလည်း ညီလေးငယ်ကို ညီအစ် ကို မောင်နှမရင်းသဖွယ် ချစ်ခင်ကြ တာချည်းပါပဲ။

ညီလေးငယ်ဟာ ပေါ်ပြူလာ ဂျာနယ်တိုက်ကို ခဏခဏ အလည် လာတတ်တဲ့ အနုပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။ အနုပညာအလုပ် တွေ၊ သီချင်း အလုပ်တွေ၊ ပရဟိတ အလုပ်တွေနဲ့ အချိန်မအားလပ်တဲ့ ကြားထဲက ပေါ်ပြူလာဂျာနယ်က စီစဉ်ရိုက်ကူး တဲ့ Cele Chitchat အစီအစဉ် အတွက် စိတ်ရော ကိုယ်ပါ သေချာ အချိန်ပေးပြီး ရိုက်ကူးပေးခဲ့ သူပါ။ သူဟာ လူတစ်ဖက်သားကို သိပ်ကို ကူညီတတ်တဲ့ အနုပညာရှင် တစ်ဦး လည်း ဖြစ်ပါတယ်။ မင်းသား၊ အဆိုတော်ဆိုတဲ့ စိတ်မထားဘဲနေ ပြည်တော်အကယ်ဒမီပွဲ သွားတက် တုန်းကဂျာနယ်က ကားပျက်နေလို့ အမှောင်ကြီးထဲမှာ သူ့ဖုန်းမီးထိုးပြီး ဝိုင်းကူပြင်ပေးခဲ့တာ၊ ပစ္စည်းတွေ လည်းဝင်ကူသယ်ပေးနေတတ်တဲ့ ညီလေးငယ်ဟာ ပေါ်ပြူလာမိသား စုတွေ အတွက် တစ်သက်မမေ့နိုင်မယ့် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ညီလေးငယ်ဟာ အနုပညာအပေါ်မှာ တအားချစ်မြတ်နိုးသလို ပရိသတ်ကို လည်း အကောင်းဆုံးအနုပညာတွေပဲ ချပြပေးချင်သူပါ။ ဂီတကိုလည်း ဝါ သနာပါတဲ့အတွက် ထိုးစစ်ဆိုတဲ့ တစ် ကိုယ်တော်အခွေကို ဖန်တီးခဲ့သလို သူကိုယ်တိုင် ထုတ်လုပ်ရိုက်ကူးထား တဲ့ ‘သတ်ကွင်း’ ရုပ်ရှင်ဇာတ်ကား အတွက်လည်း အင်တိုက်အားတိုက် ကြိုးစားဖန်တီးနေတယ်လို့ ပေါ်ပြူ လာကို အမြဲပြောလေ့ရှိပါတယ်။ အစ်ကိုဖြစ်သူ နေတိုးက အောင်မြင် တဲ့ အနုပညာရှင်တစ်ယောက် ဖြစ် နေပေမယ့် အစ်ကိုရဲ့ အောင်မြင်မှု အရှိန်နဲ့ မသွားချင်ဘဲ သူ့ကိုယ်ပိုင် အရည်အချင်းနဲ့ပဲ အောင်မြင်မှု ရ ချင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ညီ လေးငယ်ဟာ၂ဝ၁ဝ တုန်းက သင်္ကြန် မှာ အစ်ကိုနေတိုးနဲ့အတူ အဓိဋ္ဌာန် ဝင်ခဲ့ပြီး ပေါ်ပြူလာဂျာနယ်တိုက်ကို ပါ လာလည်ပြီး မေတ္တာပို့ တရား ထိုင် ကုသိုလ်ဝေခဲ့ကြပါသေးတယ်။ ကောင်းမှုကုသိုလ်တွေ အတူတူပြုခဲ့ တဲ့ ညီအစ်ကိုနှစ်ဦးရဲ့ ချစ်ခင်မှုက လည်း အင်မတန်မှကို လေးစားအား ကျစရာ ကောင်းပါတယ်။

မမျှော်လင့်ဘဲ ရုတ်တရက်ကွယ် လွန်သွားတဲ့ ညီလေးငယ်အကြောင်း ကို အစ်ကိုနေတိုးက ”သူ(ညီ လေး ငယ်)ကလူတိုင်းကို ကူညီတတ် တယ်၊ ခွဲခြားပြီးလည်းမဆက်ဆံဘူး။ဘယ်သူ့ ကိုမှလည်း ဒုက္ခမပေးခဲ့ဘူး။အခု သူဆုံးတာတောင်ကျွန်တော် ကား ရိုက်နားတဲ့ရက်တွေပဲ ဖြစ်နေတယ်” လို့ ပြောပြပါတယ်။

ညီလေးငယ်ကို ဆုံးရှုံးသွားရတဲ့ အစ်ကိုတစ်ယောက်ရဲ့ ရင်ထဲက နာ ကျင်မှုကို စာနာခံစားနားလည် ပေး လို့ ရပါတယ်။ ညီလေးငယ် ဈာပန ချတဲ့နေ့မှာ ငိုချင်ပေမယ့် မငိုဘဲထိန်းထားရတဲ့ ညီလေး (နေတိုး) ရဲ့ တည် ငြိမ်ရင့်ကျက်မှု၊ မိခင်ဖြစ်သူ အရီး အတွက် သားတစ်ယောက်တာဝန် ကျေပွန်လွန်းမှုတို့က သူ့ကိုချစ်တဲ့ ပရိ သတ်များအတွက် လေးစားအားကျမှု ကို ဖြစ်စေပါတယ်။ ဈာပနပြီးလို့ အိမ်အပြန် ကားပေါ်ကနေ ပရိသတ် တွေကို လက်ပြနှုတ်ဆက်နေတဲ့ နေတိုးရဲ့ ပုံစံလေးဟာ ပရိသတ်တို့ အတွက် တစ်သက်မမေ့နိုင်စရာ ပုံ ရိပ်လေးအဖြစ် ကျန်ရစ်ခဲ့ရပါပြီ။အိမ်ရဲ့ဆည်းလည်းလေး ညီလေးငယ် နဲ့ ပေါ်ပြူလာရဲ့ရေစက်ဟာ မမေ့နိုင် စရာ အဖြစ်အပျက်များစွာ ကျန်ရစ် ခဲ့ပြီး အတူပြုဖူးတဲ့ကောင်းမှုကုသိုလ် များကြောင့် ကွယ်လွန်သူညီလေး ငယ်ကောင်းရာဘုံဘဝရောက်မှာ အသေအချာပါ။

ပေါ်ပြူလာဂျာနယ် မိသားစု


LEAVE A REPLY

Please enter your comment!
Please enter your name here