ရုပ်ရှင်သက်ကြီးဘိုးဘွားတွေအတွက် ငွေကျပ် ၁ဝ သိန်းလှူဒါန်းခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်

0
288

၉၈ကြိမ်မြောက် မြန်မာ့ရုပ်ရှင်နေ့ အခမ်းအနားနဲ့ ၅၅ ကြိမ် မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့ မနက် ၉ နာရီက နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာ ကျင်းပခဲ့ပါတယ်။

နှစ်စဉ် နှစ်တိုင်း သရုပ်ဆောင်ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင် နှံက ရုပ်ရှင်သက်ကြီးဘိုးဘွားများကို မပျက်မကွက်လာရောက် ဂါရဝပြု လေ့ရှိပါတယ်။ ဒီနှစ် ၅၅ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာလည်း ရုပ်ရှင်နယ်ပယ်မှ သက်ကြီးဝါကြီးများကို အလှူငွေကျပ် ၁ဝ သိန်း ပါဝင် လှူဒါန်းပေးခဲ့ပါတယ်။

လက်ရှိမှာတော့ သရုပ်ဆောင် ပြေတီဦးက ‘တရားလား’ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးခဲ့ပြီး သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကတော့ ‘ဂျလေဘီ’ ရုပ်ရှင်ဇာတ်ကားကို မြင့်မြတ်နဲ့ ရိုက်ကူးနေတယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here