MTV မှာကိုယ်တိုင်ပါဝင်သရုပ်ဆောင်မယ့်ဘီလီလမင်းအေး

0
215

အဆိုတော်ဘီလီလမင်းအေးကတော့ လတ်တလောမှာ သူ့ရဲ့ ပထမဆုံးတေးစီးရီး ‘အရှုံးမပေးတဲ့ ဝိညာဉ်’ကို MTV ရိုက်ကူးဖို့ စီစဉ်နေပါတယ်။ အဲဒီ MTV မှာကိုယ်တိုင်ပါဝင်သရုပ်ဆောင်ဖို့လည်း စိတ်ကူးထားတယ်လို့ ဘီလီလမင်းအေးက ဆိုပါတယ်။

”ဖူးရဲ့ MTV ထဲမှာဖူးကိုယ်တိုင် ပါဝင် သရုပ်ဆောင်ဖို့ အစီအစဉ်ရှိပါတယ်။ ဥပမာ- တိုင်းရင်းသူလေး ကျွန်မ သီချင်းက ဖူး အကြောင်းကို ရေးထားတာ ဖြစ်တဲ့ အတွက် အဲဒီလို သီချင်းမျိုးတွေဆိုရင် ဖူးကိုယ်တိုင် ပါဝင်သရုပ်ဆောင်သွားမှာပါ။ တခြား သီချင်းတွေမှာ လည်း ဖူးသရုပ် ဆောင်ဖို့ ရှိပါတယ်” လို့ ပြောပါတယ်။

အဲဒီ MTV ကို သေချာစီစဉ်ရိုက် ကူးပြီးမှပရိသတ်ရှေ့မှောက်ကိုပို့ဆောင် ပေးမယ်လို့လည်းဘီလီလမင်း အေးက ဆက်လက်ပြောပါတယ်။

”ဖူးထွက်ရှိထားတဲ့ အရှုံးမပေးတဲ့ ဝိညာဉ် အခွေလေးကို အားပေးကြတယ်လို့ င်္နနိဘခေုလေးတွေ ပြန်ကြားသိရတဲ့ အတွက်ဖူးပျော်လည်း ပျော်ပြီး ကျေးဇူး လည်း တင်ပါတယ်။ အားပေးကြတဲ့အတွက် လည်း ဖူး MTV ရိုက်ကူးဖို့ အခုလုပ်နေ တယ်။ MTV ကို Quality ကောင်း ကောင်းလေးလိုချင်တာဖြစ်တဲ့ အတွက် အချိန်တစ်ခုယူမယ်။ ဖူးသေချာလေး ကြိုးစားစီစဉ်ရိုက်ကူးပြီးမှ ပရိသတ် ကြီးကိုချပြပေးမှာပါ” လို့ ဘီလီလမင်း အေးက ပြောပြခဲ့ပါတယ်။

 

ခိုင်ဝါဝင်း

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here