မပြောင်းလဲတဲ့ အချစ်တွေနဲ့ မိသားစု ဘဝလေးကို ရှေ့ဆက်သွားမယ့်ကိုဆီဇာညီညီနဲ့ မေထွဋ်ခေါင်တို့ ဇနီးမောင်နှံ

0
180

သရုပ်ဆောင်ဆီဇာညီညီ နဲ့ မေထွဋ်ခေါင်တို့ရဲ့ သမီးလေး မေနန်းစံသူရဲ့ ၂ နှစ်ပြည့်မွေးနေ့အ လှူအဖြစ် ဗဟန်းမြို့နယ်ရှိ ညောင် တုန်းကျောင်းတိုက်မှာ ရှိတဲ့ ဆရာ တော်ကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သံဃာအပါး ၃ဝဝ ကျော်ကို နေ့ဆွမ်းဆက်ကပ် လှူဒါန်း ခဲ့ပါတယ်။ ချစ်စရာကောင်း တဲ့ သမီးလေးကို ပိုင်ဆိုင်ထားတဲ့ ကိုဆီဇာညီညီနဲ့ မေထွဋ်ခေါင်တို့က သမီးလေးအတွက်ရော မကြာမီ မွေးဖွားတော့မယ့် သားလေးအ တွက်ပါ ဘာသာရေးအခြေခံရှိပြီး ဒါန၊ သီလ၊ ဘာဝနာကို သိစေချင်တဲ့ အတွက် အလှူအတန်းလုပ်ပေးဖြစ် တာပါ။ မေထွဋ်ခေါင်က ဒုတိယရင် သွေးလေးကို လွယ်ထားရပြီး နိုဝင် ဘာလမှာမွေးဖွားမှာပါ။ ဒုတိယရင် သွေးလေးက သားလေးဖြစ်တဲ့အတွက် ဇနီးမောင်နှံနှစ်ဦးလည်း ပျော်ရွှင် နေပါတယ်။ ရင်သွေးလေးကို ရိုးရိုးပဲ မွေးဖွားမယ့် မေထွဋ်ခေါင်က…


”ပထမဦးဆုံးတော့ ခွဲမွေး မယ်ပေါ့။ အမျိုးသားက ခွဲမမွေးပါ နဲ့တဲ့ ရိုးရိုးပဲမွေးပေးပါတဲ့။ နောက်ဆို ကျန်းမာရေးအတွက်လည်း ပိုကောင်း တယ်တဲ့။ ရိုးရိုးမွေးရမှာကို တအား ကြောက်တာ။ ဒါပေမဲ့ အမျိုးသား ရဲ့ စကားပဲ အမြဲနားထောင်တော့ ပထမကလေးတုန်းကလည်း ရိုးရိုးပဲ မွေး ဖြစ်တယ်။ အခုလည်း ရိုးရိုးပဲမွေး ဖြစ်မှာပါ” လို့ပြောပါတယ်။ ကိုဆီဇာ ညီညီက ဇနီးဖြစ်သူကိုယ်ဝန်လွယ် ထားရတဲ့အတွက် သမီးလေးရဲ့ တာဝန်ရော၊ ခင်ပွန်းတစ်ယောက်ရဲ့ တာဝန်တွေနဲ့ပါ အလုပ်ရှုပ် လို့နေပါ တယ်။ ခင်ပွန်းဖြစ်သူက ယောက်ျား ကောင်းတစ်ယောက်ပါလို့ ဆိုတဲ့ မေထွဋ်ခေါင်က..


”အစ်မဘဝမှာ ရည်းစားတွေ ထားဖူးပါတယ်။ တစ်ယောက် နှစ်ယောက်လည်း မကပါဘူး။ ယောက်ျားထဲက ယောက်ျား တစ် ယောက်မဟုတ်ဘူးတောင် ထင်မိ တယ်။ အိမ်ထောင်ပြုဖို့လည်း အစီအစဉ် မရှိဘူး။ အစ်မအသက် ၃ဝကျော် မှ အမျိုးသားကိုတွေ့တာ။ သူ့ကို ကြည့်ကြည့်တယ်။ သာမန် ယောက်ျားမျိုးနဲ့လည်း မတူပါဘူး။ တအားလည်း တည်ငြိမ်တယ်။ တွေ့တွေ့ချင်းလည်း ဖွန်ကြောင်တတ် တဲ့ ယောက်ျားမျိုးလည်း မဟုတ်ဘူး။ သူ့ဘာသာသူခပ်တည်တည် ခပ်အေး အေးပဲနေတာ။ အဲဒီမှာ တအားမျက် စိကျပြီး သူ့ကို မမြင်ရရင်မနေနိုင်တာ။ အစ်မနဲ့ သူနဲ့ ဇာတ်ကား စရိုက်တာ။ မမြင်ရရင်မနေနိုင်လို့ သူ့ကို ဖုန်း တွေဆက်တာ။ နောက်ပိုင်းကျတော့ သူလည်း ရိပ်မိလာတယ်ထင်ပါတယ်။ သူ့ကို ချစ်တယ်လို့ ဖွင့်ပြောလိုက် တယ်။ အခုအချိန်ထိ အိမ်ထောင် သက် ၅နှစ်ရှိပြီ။ ဖောက်လွဲ ဖောက် ပြန်လည်း တစ်ခုမှ မရှိခဲ့ဘူး။ ဘယ် အမျိုးသမီးဆီကမှ ဖုန်းလာတာလည်း မရှိခဲ့ဘူး။ မိန်းမမျက်နှာပျက်အောင် လည်းတစ်ခုမှမလုပ်ခဲ့ဖူးတဲ့ ယောက်ျားမျိုး ။ အစ်မစိတ်ထဲမှာတော့ သူ့ကိုယောက်ျားကောင်း တစ် ယောက် လို့ မြင်ပါတယ်” လို့ပြောပါ တယ်။ မိသားစုဘဝလေးကို တည် ဆောက်ထားပြီဖြစ်တဲ့အတွက် ရှေ့ဆက်ပြီး ဇနီးဖြစ်သူကို မပြောင်း လဲဘဲချစ်သွားမှာပါလို့ လည်း ကိုဆီဇာညီညီကပြောပြခဲ့ပါတယ်။

ခိုင်ဝေလွင်

၊ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here