အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ်တွင် ကပြတင်ဆက်ရန် မြန်မာကျောင်းသားကျောင်းသူအဖွဲ့လေ့ကျင့်

0
196


ပညာရေးဝန်ကြီးဌာန အဆင့် မြင့်ပညာဦးစီးဌာနမှ စိစစ်ရွေးချယ် စေလွှတ်သော ခရီးစဉ်ဖြစ်သည့် (၄၅) ကြိမ်မြောက် အရှေ့တောင် အာရှနှင့် ဂျပန်လူငယ်များ သင်္ဘော ခရီးစဉ် (၂ဝ၁၈)ှSSEAYP (The 45th Ship for South East Asian and Japanese Youth Program) သို့မြန်မာနိုင်ငံကိုယ်စားပြုအနေနှင့် ကျောင်းသား၊ ကျောင်းသူ ၂၈ ဦးနှင့် ခေါင်းဆောင်တစ်ဦးတို့ ပါဝင်သည့် ကိုယ် စားလှယ်အဖွဲ့ကသွားရောက်မည် ဖြစ် သည်။

National Presentation ကဏ္ဍ အတွက် မြန်မာနိုင်ငံ၏ ရိုးရာ ယဉ်ကျေးမှု အနုညာတင်ဆက်မှုများ ကိုမြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) မှ (၁ဝ) ရက်စခန်းသွင်း ကာ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။


”ဒီပရိုဂရမ်က(၄၅)ကြိမ်မြောက် ရှိပါပြီ။ အဓိကဒီပရိုဂရမ်ကို ရွေးချယ် ပေးတာကတော့ ပညာရေး ဝန်ကြီး ဌာနကရွေးချယ်ပါတယ်။ ကျောင်း သားကျောင်းသူတွေကိုတော့ အဆင့် မြင့်ပညာဦးစီးဌာနကနေ ဦးဆောင် ရွေးချယ်တာပါ။ အဓိကတော့ ပညာရေးဝန်ကြီးဌာန အောက်မှာ ရှိတဲ့ ကျောင်းသူ ကျောင်းသားတွေကို ရွေးချယ်တာပါ။ ပြီးတော့ကျန်းမာ ရေး ဝန်ကြီးဌာန ကလည်းပါတယ်။ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနကကျောင်းသားလည်း ပါတယ်။ ရွေး ချယ်ခံရတဲ့ကလေးတွေ အနေနဲ့ Topic ၈ခု ပေးထားပါတယ်။ အဲဒီ အထဲကမှ သူတို့အနှစ်သက် ဆုံး ၄ ခုကို ရွေးချယ်ရပါတယ်။ သူတို့ အနေနဲ့ ပြင်ဆင်ဖို့ အတွက်လည်း အကုန်လုံးလုပ်နေရပါ ပြီ။ ကျွန်မတို့ အဖွဲ့မှာဆိုရင်ခြင်းလုံးလည်းပါ တယ်။ ပုသိမ်ထီးလည်းပါတယ်။ ဒီနိုင်ငံ ယဉ်ကျေးမှု တွေ ကို ပြသကြ မှာပါ။ သနပ်ခါးနဲ့ ကျောက် ပျဉ်နဲ့ လည်း ယူသွားပါတယ်။ သင်္ဘောကြီး ပေါ် မှာတင်ဆက် ပြကြ ရမှာတွေ လည်းပါတယ်။ တစ်နိုင်ငံကို ၇၅ မိနစ်စီရတယ်။ အဲဒီ၇၅မိနစ် အတွင်းမှာ ကျွန်မတို့က ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု ရိုးရာအကတွေကို ပြသရမှာဖြစ်ပါတယ်။ ကလေးတွေ ကလည်း သူတို့ အနေနဲ့ တအားကို ကြိုးစားကြတယ်။ အကတွေတိုက် တာ ဆိုရင်အားလုံး ပြီးသလောက် နီးပါး ကိုဖြစ်နေပြီ။ ပိုကောင်းအောင် လေ့ ကျင့်ဖို့ပဲကျန်ပါ တော့တယ်” ဟု ခရီးစဉ်နှင့် ပတ်သက်ပြီးမန္တလေး နည်းပညာတက္ကသိုလ်၊ အင်္ဂလိပ် စာဌာနမှကထိကဒေါ်အိအိမွန်က ပြော ပြ သည်။


အဆိုပါ လူငယ်အဖွဲ့ သည် အောက်တိုဘာ၂၂ ရက်နေ့တွင် ဂျပန်နိုင်ငံ သို့စတင်ထွက် ခွာကြမည် ဖြစ်ပါသည်။ ထို့နောက် ဂျပန်အပါအဝင်ဘရူးနိုင်း၊ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်စသည့်နိုင်ငံများသို့သွား ရောက်ရမည်ဖြစ်သည်။


လင်းအက္ခရာ

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here