ရဟန်းဘဝဖြင့် ဝိပဿနာ တရားပွားများအားထုတ်ခဲ့တဲ့ ဦးစန္ဒိမာ တစ်ဖြစ်လဲ နေတိုး

0
300

ကွယ်လွန်သူ ညီလေးငယ် မင်း သွေးအတွက် ရည်စူးပြီး သရုပ်ဆောင် နေတိုးရဲ့ ဥပသမ္ပဒကံဆောင် ရဟန်း ခံ အလှူတော်မင်္ဂလာကို အောက်တို ဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ နေတိုးနဲ့အတူ အစ်ကိုဖြစ်သူကလည်း ပါဝင်ရဟန်းခံခဲ့သလို ညီမဖြစ်သူက လည်း သီလရှင်ဝတ်ခဲ့ပြီး မိခင်ဖြစ် သူကလည်း ယောဂီဝတ်ကာ မိသားစု စုံညီစွာ ကုသိုလ်ပြုပေးခဲ့ကြပါတယ်။

ယခင်ကတည်းက ဘာသာရေး ကိုင်းရှိုင်းပြီး ဝိပဿနာတရားတော် များကို အလျဉ်းသင့်သလို ကျင့်သုံး နေထိုင်ခဲ့တဲ့ နေတိုးဟာ ညီလေးငယ် မင်းသွေးကွယ်လွန်သွားပေမယ့် လည်း ရင်ထဲက အပူမီးတွေကို သူ ကျင့်ကြံခဲ့တဲ့ တရားတွေနဲ့ ဖြေသိမ့်နိုင် ခဲ့ပါတယ်။ ဒီလိုတရားရှိတဲ့အတွက် သူ့ရဲ့အနုပညာလုပ်ဖော်ကိုင်ဖက် တွေ၊ ပရိသတ်တွေကလည်း ချီးကျူး ခဲ့ရပါတယ်။ ကွယ်လွန်သွားခဲ့သူ ညီ လေးငယ် ကောင်းရာမွန်ရာရောက်ဖို့ ကုသိုလ်တရားတွေကို ကိုယ်တိုင်ပြု ပေးချင်တဲ့အတွက် ဦးစန္ဒိမာနဲ့ ရဟန်းဘဝကို ၅ ရက်ခံယူပြီး ဝိပဿနာတရားများကို ပွားများ အားထုတ်ခဲ့ပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ မင်း သွေးအတွက် မေတ္တာတရားတွေ ပွား များပေးခဲ့တဲ့ အောင်ဇမ္ဗူတောရ ဆရာတော် အရှင်ဘဒ္ဒန္တပဏ္ဍဝံသက… ”သေခြင်းနဲ့ပတ်သက်လို့ တစ် ခါတလေ သေသွားတာကို ကိုယ်ကိုယ် တိုင် မသိလိုက်ဘူး ဆိုတာကို ဆရာ တော်ကတော့ လက်တွေ့ကျကျ သိ လဲ သိတယ်။ မြင်လည်း မြင်ဖူးတယ် ဆိုတော့သဘောပေါက် တယ်။ အဲဒီအတွက် ကြောင့်ဒီကလေးက လည်းသူကိုယ်တိုင် သေသွား ပြီ ဆို တာ ကို သူ မသိဘူး။ တချို့ဘုန်းကြီး တွေ လည်းမသိဘူး။ တမ လွန်တော့ ရောက် သွားတယ်။ ဒါပေမဲ့ သူ့ကိုယ်သူသေတယ် လို့ မထင်သေးဘူး။ ဒါလေးကို ဆရာတော်က ကောင်း ကောင်းလေးမင်း တို့ ညီမင်းတို့သားလေး ကို ဆရာတော်လည်း မေတ္တာပွားပေးမယ်။ သူ သေတယ်ဆိုတာသိ အောင်လည်း တစ်မျိုး တော့ ကြိုးစားပြီး မေတ္တာ ပွားပေးရမယ်။ အဲဒီလို သိတယ်ဆိုမှတမ လွန် ရောက်နေပြီရောက် တော့မှတို့ရဲ့ အစ်ကို တို့ရဲ့အစ်မ၊ တို့ရဲ့ အမေ အဖေတွေက ပြုတဲ့ ကောင်းမှုတွေကို သာဓုခေါ်နိုင် တဲ့စွမ်းအား၊ လိုအပ် တာလေးတွေ ဖြည့်ဆည်းပေးဖို့ ဆရာတော်လည်း သူတို့ကို လမ်းညွှန်ချက်လေး ပေးထားပါတယ်။ ဆရာတော်လည်း မေတ္တာပွားပြီးတော့ သူ့အတွက် အကောင်းဆုံးဖြစ်အောင် စီစဉ်ပေး မယ်လို့ဆုံးဖြတ်ထားပါတယ်”လို့ ပြောပါတယ်။

ဒီအလှူပွဲလေးမှာ သွေးသား ဆွေမျိုးများနဲ့ သံသရာဆွေမျိုးများ ပါရမီဖြည့်ကြတဲ့ အလှူပွဲလေးမည် နေတယ်လို့ ဆိုရမယ်ဖြစ်သလို နေတိုးနဲ့အတူ သူငယ်ချင်းများဖြစ်ကြ တဲ့ သရုပ်ဆောင် ကျော်ကျော်ဗို၊ ညီမင်းခိုင်၊ ဒါရိုက်တာ သည်ခေတ်နေ တို့နဲ့အတူ စုစုပေါင်း ၁၈ ဦး ရဟန်း ဝတ်ခဲ့ကြတာပါ။ ဒီ အလှူပွဲကို သရုပ် ဆောင် စိုးမြတ်သူ ဇာ၊ သက်မွန်မြင့်၊ ခင်ဝင့်ဝါတို့လည်း လာရောက်ခဲ့ပြီး သိမ်ဆွမ်းလောင်း လှူခဲ့ကြပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း

 


LEAVE A REPLY

Please enter your comment!
Please enter your name here