သွေးထွက်သံယို မဖြစ်စေချင်တဲ့ ပရိသတ်တွေ အတွက် အကောင်းဆုံး ကတိပေးလိုက်သူ အောင်လအန်ဆန်

0
264

မြန်မာပြည်မှာ ကစားတိုင်း အားရတယ်။ အကောင်းဆုံးတွေကို ကမ္ဘာက သိအောင် ပြချင်တယ်။ မြန်မာပြည်က မွေးတဲ့ အားကစားသမားဟာ ဘယ်လောက်ကျွမ်းကျင်သလဲဆိုတာကိုပေါ့လို့ ဆိုတဲ့ MMA World Middle Weight & World Light Heavy Weight Champion ကတော့အောင်လအန်ဆန်ပါ။ ဒီတစ်ခေါက်မှာ အောင်လအန်ဆန်ကို စိန်ခေါ်တဲ့သူကတော့ လက်ဘနွန် နိုင်ငံသား မိုဟာမက်ခရာကီဖြစ်ပြီး One Championship မစ်ဒယ်လ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် အတွက် ယှဉ်ပြိုင် ထိုးသတ်ကြမှာဖြစ်ပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့၊ မနက် ၅နာရီခွဲခန့်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာခဲ့တဲ့ အောင်လအန်ဆန်နဲ့ မီဒီယာ အင်တာဗျူးမှာ အောင်လရဲ့ပုံစံက ပြိုင်ပွဲဝင်ဖို့တက် ကြွဟန်အပြည့်ပါပဲ။

”ဒီပွဲအတွက် ပြင်ဆင်မှုဆိုရင် ခရာကီလိုမျိုး ဆိုက်(ဒ်)တွေနဲ့ လေ့ ကျင့်တယ်။ နေ့စဉ်နေ့တိုင်းလေ့ကျင့် တယ်။ အရင်တုန်းကဆိုရင် ကျွန်တော် လေ့ကျင့်တဲ့အချိန်မှာ ဟဲဗီးဝိတ်တွေနဲ့ လေ့ကျင့်တယ်။ အရပ်က ၇ပေလောက် ရှိတယ်။ အလေးချိန်က ပေါင် ၂ဝဝကျော် ၃ဝဝလောက်ရှိတဲ့သူတွေ။ ခရာကီလိုမျိုး နပန်းမှာအားသာချက်ရှိတဲ့သူတွေနဲ့ လေ့ကျင့်ပါတယ်။ အကောင်းဆုံး ကျင့်ထားပါတယ်။ အချိန်က ၁ဝပတ်ကျော်ကျော် လောက်လေ့ကျင့် ရပါတယ်။ တစ်ပတ်မှာ ၆ ရက်လောက်ပေါ့” လို့ ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဆိုတာကို အောင်လ ကပြောပါတယ်။

အားပေးကြတဲ့ မြန်မာတစ်နိုင်ငံလုံးကပရိသတ်က ဒီတစ်ခေါက်မှာ အောင်လကို သွေးထွက်သံယို မဖြစ် စေချင် ဘူး။ ဖြစ်နိုင်ရင်ပွဲကို မြန်မြန်လေး အဆုံးသတ်စေ ချင်ကြတယ်လို့ဆိုတော့ အောင်လအန်ဆန်ကရယ်ပါတယ်။

”မြန်မြန်ပြီးအောင် ကျွန်တော် ကစားမယ်။ အကောင်းဆုံး ဖြစ်အောင် ကျွန်တော်ကစားမယ်။ ပရိသတ်ကို လည်း တအားကျေးဇူးတင်တယ်နော်။ တအားချစ်တယ်။ ဒါပေမဲ့ ကစားတာ MMA ဆိုတော့ ထိခိုက်တာတွေလည်းရှိတယ်။ ကျွန်တော့်ထရိန်နင် မှာတောင်မှ နှာခေါင်း သွေးယိုတာတို့၊ ဖူးရောင်တာတို့ ဖြစ်တယ်။ ကျွန်တော် အကောင်းဆုံးယှဉ်ပြိုင်ကစားသွား မှာပါ” လို့အောင်လ အန်ဆန်ကပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here