သားဖြစ်သူအတွက် ဂုဏ်ယူပီတိအပြုံးတွေနဲ့မွေးနေ့ရှင် ဒါရိုက်တာ စင်ရော်မောင်မောင်

0
286

အလင်္ကာကျော်စွာ အကယ်ဒမီ ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့ မွေးနေ့ အလှူအဖြစ် အောက်တိုဘာ ၁၇ရက်နေ့ မနက် ၉ နာရီက မဟာဝိ သုဒ္ဓါရုံ ကျောင်းတိုက်ရှိ ယောဆရာ တော်ထံတွင် ရေစက်ချ တရားနာ ယူခဲ့ပြီး သံဃာတော် ၁၄ဝ ပါးကို နေ့ ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါတယ်။

”ငယ်ငယ်လေးကတည်းက ဒီ ကျောင်းမှာ ကြီးပြင်းခဲ့ရတယ်။ ဒီ ကျောင်းမှာ ကိုရင်ဝတ်ရတယ် ရဟန်းဝတ်ရတယ်။ ဆရာတော်ကြီး က အဖေပဲ။ မင်းသန့်ကိုလည်း ဆရာ တော်ကြီးက မွေးစားထားတာ။ ဆရာ တော်ကြီး ကျန်းကျန်းမာမာနဲ့ ကျွန် တော်တို့အလှူကို တရားချီးမြှင့်တယ်။ တရားက သိပ်ကောင်းတာပဲ။ ကျွန် တော်လည်း ကျန်းကျန်းမာမာနဲ့ ရုပ်ရှင်လောကသားတွေနဲ့အတူ ပျော် ရတယ်။ စိတ်ထဲမှာ အပူအပင်လုံးဝ မရှိဘူး။ ကြောက်လန့်ခြင်း၊ တုန်လှုပ် ခြင်း ကင်းဝေးတဲ့ဒေသပေါ့။ အခက် အခဲတွေမရှိတဲ့အချိန်ပေါ့။ နိဗ္ဗာန်ကို ခဏလေးရောက်သွားသလိုပဲ” လို့ မွေးနေ့ရှင် ဒါရိုက်တာစင်ရော်မောင် မောင်က ပြောပါတယ်။

အမေရိကန် နိုင်ငံမှာ ရောက်ရှိနေတဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်ကလည်း ဖခင် ရဲ့ မွေးနေ့မှာ Video Call က တစ် ဆင့် ယောဆရာတော်ကြီးရဲ့တရားကို နာယူခဲ့ပါတယ်။ မွေးနေ့တိုင်းကို ကျန်းကျန်းမာမာ၊ အေးအေးချမ်း ချမ်းနဲ့ အမြဲဖြတ်သန်းချင်ပြီး နောင် နှစ်တွေမှာ သားလေးနဲ့အတူ အလှူ အတန်းတွေနဲ့ ဖြတ်သန်းချင်တယ်လို့ လဲ သူ့ရဲ့အဖြစ်ချင်ဆုံးဆန္ဒကိုပြောပြခဲ့ပါတယ်။ ဒါရိုက်တာ စင်ရော်မောင် မောင်က သားဖြစ်သူ နိုင်ငံခြားမှာ ဘွဲ့ရဖို့အတွက် ဖခင်တစ်ယောက် အ နေနဲ့ တော်တော်လေး ရုန်းကန်ကြိုး စားခဲ့သူပါ။ ထာဝရအဖေလို့ ဆိုရင် လည်း မမှားပါဘူး။ အခုအချိန်မှာ သားဖြစ်သူက သူဖြစ်စေချင်တဲ့ အ တိုင်း အမေရိကန်နိုင်ငံမှာ ဒါရိုက် တာဘွဲ့ ယူပေးနိုင်ခဲ့တဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာပျော်ရွှင်လို့နေ ပါတယ်။ ”ကိုယ့်သားမို့ ကိုယ်ပြော တာ မဟုတ်ပါဘူး။ ဒီနေ့ဒီအချိန်အ ထိ အရက်မသောက်၊ ဆေးလိပ် မ သောက်၊ မိန်းမလည်း မရှုပ်၊ အဖေနဲ့ အမေကို တာဝန်ကျေပွန်အောင် ဘွဲ့ ယူပေးခဲ့တဲ့ သားလေးကို ကျွန်တော် ကတော့ ကျေးဇူးတင်တာပေါ့” လို့ စင်ရော်မောင်မောင်က ပြောပါ တယ်။

မကြာသေးမီက အမေရိကန် နိုင်ငံမှာ ဒါရိုက်တာဘွဲ့ရသွားတဲ့ မင်း သန့်မောင်မောင်ရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို မိဘနှစ်ပါးစလုံး တက်ရောက်ခဲ့ကြတာပါ။ ဘွဲ့ယူတဲ့ အချိန်မှာ သားဖြစ်သူဘေးမှာ မိဘ နှစ်ပါးစလုံး ဝန်းရံပေးခဲ့ကြတဲ့အတွက် မင်းသန့်မောင်မောင်လည်း ပျော်ရွှင် လို့ မဆုံးပါဘူး။ ”သူပြန်လာရင် မြန် မာပြည်ရဲ့ ဒါရိုက်တာပညာကိုလည်း တော်တော်လေး အောက်ခြေကနေ စပြီး လိုက်လေ့လာရမယ်။ တစ်ဖက် ကလည်း အဖေ့ထက်သာအောင်၊ အမေကဲ့သို့ အနုပညာရှင်ဖြစ်အောင် တော်တော်လေး ကြိုးစားရဦးမယ်။ ဘာပဲဖြစ်ဖြစ်သူ ကြိုးစားပါလိမ့်မယ်။ ကျွန်တော်လည်း ဝိုင်းပံ့ပိုးပေးမှာပါ” လို့ဒါရိုက်တာစင်ရော်မောင်မောင် ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here