ချစ်သူနဲ့ တကယ်ပဲ ပြတ်စဲသွားပြီလား ရွှေအိမ်စည်

0
499

အလှမယ်ရွေအိမ်စည်ဟာ ၂နှစ်ခွဲကြာချစ်ခဲ့တဲ့ ချစ်သူနဲ့လမ်းခွဲလိုက်ပြီ ဆိုတဲ့အကြောင်းကို မကြာသေးမီကပဲ ပရိသတ်တွေဆီအသိပေးခဲ့ပါတယ်။ တကယ်ပဲပြတ်စဲသွားပြီလားလို့ မေးကြည့်တဲ့အခါမှာတော့ ရွှေအိမ်စည် က . . .

”အချစ်ရေးနဲ့ပတ်သက်ပြီးတော့ အိမ်စည့်ဖေ့စ်ဘွတ်ခ်မှာ တင်ထားတဲ့ အတိုင်းပဲ အချစ်ရေးကပြီးဆုံးသွားပါပြီ။ အချိန်အတိုင်း အတာပိုကြာသွားတာနဲ့အမျှ နှစ်ယောက်စလုံးအတွက် အခက်အခဲ တွေရှိလာနိုင်တယ်။ အခက်အခဲတွေပိုမများခင် ဒီလိုဆုံးဖြတ်ချက် မျိုးကိုချလိုက်ရတာပါ။ တွဲတုန်းကလည်း အိမ်စည့်အနေနဲ့ လူသိရှင် ကြားတွဲတယ်။ အခုအဆင်မပြေဖြစ်တဲ့အခါမှာလည်း အိမ်စည် ပြောတယ်။ ဖြစ်လာတဲ့အခြေအနေကို အိမ်စည့်ဘက်က လက်ခံ ရမှာပဲ။ ပြီးတော့ နှစ်ယောက်စလုံးအတွက်လည်း အဆင်မပြေ တော့တဲ့အတွက် အိမ်စည်ပြောပြလိုက်တာပါ။ ဒါပေမဲ့ အိမ် စည်တော်တော်များများကိစ္စတွေမပြောပါဘူး။ ဒါအချစ်ရေး ပြီးဆုံးသွားပြီဆိုတာကို အသိပေးချင်တဲ့သဘောပါ။ ခံစားချက်က တော့ သိပ်ပြီးမခံစားရပါဘူး။ ရှေ့ဆက်ပြီး အကောင်းဆုံးဖြစ်အောင် ဘယ်လိုနေရမလဲဆိုတာပဲ စဉ်းစားထားတယ်”လို့ ပြတ်စဲသွားတဲ့ အချစ် ရေးနဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ အလှမယ်ရွှေအိမ်စည်ဟာ အောက်တိုဘာလ ၂၁ရက်နေ့မှာ ပိုလန် နိုင်ငံမှာကျင်းပမယ့် Miss Golden Land Myanmar 2018 ကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ်သွားရောက်ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။ ပြိုင်ပွဲကြီး နီးကပ်လာ တာနဲ့အမျှ အကောင်းဆုံးဖြစ်အောင် ဘယ်လိုပြင်ဆင်မှုတွေ ပြုလုပ်ဖြစ်နေလဲလို့ မေးကြည့်တဲ့အခါမှာတော့ ရွှေအိမ်စည်က . . .

”ပြင်ဆင်မှုကတော့ အိမ်စည်အမြဲတမ်းပြောနေသလိုပါပဲ။ အဝတ်အစားပိုင်းတွေ ဖက်ရှင်ပိုင်းတွေ ပြင်ဆင်တယ်။ ကိုယ့်ဖက်ရှင်ကို သူများတွေမြင်တာနဲ့ အံ့သြနေစေမယ့် ဖက်ရှင်မျိုးဖြစ်အောငှ်အပူငျအ တွေနဲ့ တိုင်ပင်တယ်။ သူများနိုင်ငံမှာသွားပြိုင်ရမှာဖြစ်တဲ့အတွက် ကိုယ် လုပ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင်ပြင်ဆင်နေတယ်။ အိမ် စည်ကိုအားပေးနေကြတဲ့ မြန်မာနိုင်ငံကပရိသတ်တွေ စိတ်မပျက်အောင် ကြိုးစားနေတယ်။ ပရိသတ်တွေကလည်း အားပေးကြပါ”လို့ ပြိုင်ပွဲပြင် ဆင်မှုတွေနဲ့ပတ်သက်ပြီး ရွှေအိမ်စည်က ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here