ကျောက်ဆည်မြို့တွင်ပြုလုပ်တဲ့ သမိုင်းဝင်ဆင်လှူပွဲတော်နှင့် ဆင်ပြိုင်ပွဲတော်

0
570

သမိုင်းဝင်ဆင်လှူပွဲနှင့် ဆင် ပြိုင်ပွဲတော်ကို ကျောက်ဆည်မြို့၊ ရွှေ သာလျောင်းတောင်ခြေ ဆင်ပြိုင် ကွင်း၌ အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
သီတင်းကျွတ်လပြည့်နေ့ နံနက် တွင် မြို့သူမြို့သားများ၊ ဆင်အဖွဲ့ များသည် ရွှေသာလျောင်းတောင် ထိပ်၌ ရှိသည့် ရွှေသာလျောင်း စေတီ တော်မြတ်ကြီးကို ရွှေဆင်ရုပ် ငွေဆင် ရုပ်များဖြင့် လက်ျာရစ် သုံးပတ်လှည့် လည်ပူဇော်ကြပြီး ဆွမ်းတော်ကြီး ကပ်လှူပူဇော်ကာ လယ်တွင်းကိုး ခရိုင်အဖြစ် သတ်မှတ်ဖော်ဆောင်ပေး ခဲ့သည့် မင်းမြတ်အနော်ရထာနှင့် ဆင်မယဉ်သာတို့၏ ကျေးဇူးကို ဆပ် သောအားဖြင့် ရည်စူးကုသိုလ်ပြု အ မျှပေးဝေခဲ့ကြသည်။

”ကျောက်ဆည်ဆင်အလှူတော် နဲ့ ဆင်အကအလှပြိုင်ပွဲတော်ကို နှစ် စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက် နေ့မှာ ရွှေသာလျောင်းတောင်ခြေ မှာရှိတဲ့ ဆင်ပြိုင်ကွင်းအတွင်းမှာ ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်ဆင်အက အလှပြိုင်ပွဲ မှာတော့ ဘော်ကြယ်ဆင် လေးစီး၊ကလေးဆင် ၄စီး၊ ရိုးရာဆင် ၉ စီး ၊ သဘာဝဆင် ၃စီး၊ စုစုပေါင်း ဆင်အဖွဲ့ ၂ဝ က ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်သည်။ဆုကြေးများအနေနဲ့ ဘော် ကြယ်ဆင် အကအလှပြိုင်ပွဲမှာ ပထမဆု (၈)သိန်း၊ ဒုတိယဆု (၆)သိန်း၊ တတိယဆု (၄)သိန်း၊ ရိုးရာ ဆင် အကအလှပြိုင်ပွဲမှာ ပထမဆု (၁ဝ)သိန်း၊ ဒုတိယဆု (၈)သိန်း၊ တတိယဆု (၆)သိန်း၊ ကလေးဆင် အကအလှပြိုင်ပွဲမှာ ပထမဆု (၆)သိန်း၊ ဒုတိယဆု (၄)သိန်း၊ တတိ ယဆု (၂)သိန်း နဲ့ သဘာဝဆင် အကအလှပြိုင်ပွဲမှာ ပထ မဆု (၅)သိန်း၊ ဒုတိယဆု (၃)သိန်း ဆုချီးမြှင့် သွားမယ်” ဟု ဆင်ပြိုင်ပွဲကျင်းပရေး နှင့် ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြော သည်။

ယခုနှစ်ပွဲတော်တွင် ကလေး ဆင်ပြိုင်ပွဲ၌ (၁)မျိုးချစ်ရင်သွေး၊ (၂)မင်းဇာနည်၊ (၃)မင်းကျန်စစ်၊ (၄)အေးချမ်းမြန်မာ၊ သဘာဝဆင်ပြိုင်ပွဲ၌ (၁)ပဏ်၊ (၂)ကရုဏာရှင်၊ (၃)မင်းရွှေဆည်၊ ဘော်ကြယ်ဆင်ပြိုင်ပွဲ၌ (၁)ရွှေဇင်မောင်၊ (၂)ဧရာမိုး၊ (၃)ဇာတိမာန်၊ (၄)မင်းမြန်မာ၊ ရိုးရာ ဆင်ပြိုင်ပွဲ၌ (၁)လှယဉ်ကျေး၊ (၂)ပိတောက်မြိုင်၊ဝ(၃)မြင်စိုင်းဇာနည်၊ (၄)မင်းမင်းနိုင်၊ (၅)မြတ်ဂုဏ်ရောင်၊ (၆)လှရွှေဆည်၊ (၇)နောက်တိုး၊ (၈)ဇာနည်ဘွားနှင့် (၉)ရဲထက်အောင် တို့ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရှိရ သည်။

ချမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here