ရန်ကုန် တစ်ကိုယ်တော် ရှိုးပွဲပြီးတဲ့အခါ မန္တလေးဘက် လှည့်ဖို့ရှိဦးမလား ဝေလ

0
574

ကျင်းပပြီးစီးခဲ့တဲ့ အဆိုတော် ဝေလရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲက ပရိသတ် အင်အားရော၊ အနုပညာအရရော အောင်မြင်ခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ တေးသီချင်းတွေကို ကိုယ်တိုင်ရေးတယ်၊ ကိုယ်တိုင်သီဆိုတယ်။ သူဟာ ဂီတမှော်ဝင်တဲ့ ဂီတသမားတစ်ဦးပါပဲ။ ‘Wai La Live in 360’Show သတ မှာ အဓိကက ဂီတပညာရှင် ဓီရာမိုရ်တို့ ဂီတကဗျာတီးဝိုင်းနဲ့ ဝေလရဲ့ သီဆိုတဲ့မု(ဒ်)တို့က ပုံမှန်အခွေနားထောင်ရတာနဲ့ မတူတဲ့ခံစားချက်ကို ရရှိခဲ့တာဖြစ်ပါတယ်။ ချစ်ခင်လေးစားသောအားဖြင့် ဂီတကဗျာတီးဝိုင်း နဲ့ရော၊ Runner Music Bandနဲ့ရော တီးခတ်သီဆိုခဲ့တာဖြစ်ကြောင်း လည်း ဝေလက ပြောပါတယ်။

”အဲဒီပွဲမှာ အမှားများသွားမှာ ကြောက်တာပေါ့။ အဲဒါ ကြောင့်မို့လို့လည်း အချိန်ကို တော်တော်လေးယူပြီး သီချင်း တိုက်ခဲ့တယ်။ ပွဲနီးလာလေလေ စိတ်ဖိစီးမှုက များလေပဲ။ အောင်အောင်မြင်မြင်လေးနဲ့ ပြီးဆုံးသွားတာကိုပဲ ကျေနပ် ရမှာပါ” လို့ သူက ဆိုပါတယ်။ ရှိုးပွဲမှာ အခက်အခဲအဖြစ် ဆုံး အရာတစ်ခုအနေနဲ့ကတော့..

”လူကလည်း အများကြီးကိုး။ စင်ပေါ်မှာ တီးမယ့် သူချည်းပဲ အယောက် ၅ဝ ကျော်ကျော်လောက် ရှိတယ်။ Quior တွေလည်း ရှိတယ်ဆိုတော့ အကုန်လုံးညီအောင် လုပ်ရတာ တော်တော်ခက်တယ်။ အဲဒါကြောင့်လည်း တောက်လျှောက်သီ ချင်းတိုက်ခဲ့တာပေါ့” လို့ ဝေလက ပြောပါတယ်။ ရန်ကုန်မှာ ရှိုးပွဲပြီး သွားပြီဆိုတော့ တခြားနယ်က ပရိသတ်တွေအတွက်ကိုကော ဘယ်လို စီစဉ်ဖြစ်ဦးမလဲလို့ဆိုတော့..

”အခုက ပြီးသွားပြီဆိုတော့ နောက် ကျန်တာ ဘယ်မှာလုပ်မလဲဆိုတာ ပြန် တိုင်ပင်ရဦးမှာပေါ့” လို့ ဝေလက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here